DVB Logo
Home
မြန်မာသတင်း
ခလရ - ၂၃၇ တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများရရှိ
DVB
·
March 15, 2024
ခလရ - ၂၃၇ တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများရရှိ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ ဗန်းမော် - မြစ်ကြီးနားလမ်းရှိ ဒါဆိုင်းရွာအခြေစိုက် ခလရ - ၂၃၇ စစ်ကောင်စီ တပ်စခန်းကြီးကို မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ  KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA တပ်ဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ရှေ့တန်း စစ်သည်တဦးက "လက်နက်တွေ အပုံလိုက်ပဲ။ စစ်ကောင်စီတွေ ဖင်ကျုံ့အောင် ထွက်ပြေးသွားပြီ" လို့ ပြောပါတယ်။

လက်နက် အကြီး၊ အသေး ၂၀၀ ကျော် သိမ်းဆည်းရရှိထားပြီး လက်နက်ခဲယမ်းပစ္စည်းနဲ့ စစ်အသုံးအဆောင်ပစ္စည်း မရေတွက်နိုင်အောင် သိမ်းဆည်း ရရှိထားတယ်လို့ ဆိုပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက "စစ်သုံ့ပန်းကတော့ ဘယ်လောက် ဖမ်းမိလဲ မသိဘူး။ လက်နက် အသေးက ၁၀၀ ကျော် ရတယ်။ စားနပ်ရိက္ခာတွေကတော့ သယ်ယူလို့တောင် မနိုင်တော့ဘူး။ ဆန်အိတ်တောင် ထောင်ချီရှိတယ်။ ကြက်လည်း ထောင်ချီရှိတယ်။ ဆိတ်တွေ၊ နွားတွေ ရာချီ ရှိတယ်။ သယ်ယူလို့ မကုန်နိုင်တော့ဘူး။ ပို့စ် အသေးတွေကတော့ ရှိသေးတယ်။ ဒါပေမဲ့ အကုန်ထွက်ပြေး သွားလောက်ပြီ”လို့ ပြောပါတယ်။

ခလရ - ၂၃၇ စစ်ကောင်စီစခန်းဟာ ဗန်းမော် - မြစ်ကြီးနားလမ်း၊ မိုးမောက်နဲ့ ၁၂ မိုင်အကွာ၊ တာပိန်မြစ်အနီးက ဒါဆိုင်းရွာမှာ စခန်းချ အခြေစိုက်ထားတဲ့ အင်အားရာချီရှိတဲ့ တပ်စခန်းကြီးဖြစ်ပါတယ်။

မတ် ၇ ရက်ကစလို့ KIA တပ်ရင်း ၁၅၊ တပ်ရင်း ၁၉၊ တပ်ရင်း ၂၅ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို သွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ရာ တပတ်အကြာ မတ် ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

မတ် ၈ ရက်ကလည်း ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အနီးက ခန်းကိုင်တောင် အခြေစိုက် စစ်ကောင်စီ ခလရ - ၁၄၂ တပ်စခန်းရှိ စစ်ကောင်စီ စစ်သည် ၁၀၀ ကျော်နဲ့ တပ်မိသားစုတွေ၊ တခြား အစိုးရဝန်ထမ်းတွေ ၈၀ ကျော် အလံဖြူထောင် လက်နက်ချသွားကာ အဲဒီစခန်းကိုလည်း KIA နဲ့ ပူးပေါင်း အဖွဲ့က အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013