DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင် တဖက်ကမ်း၌ မီးလောင်၊ နေအိမ် ၁၁ လုံး ဆုံးရှုံး
DVB
·
March 15, 2024
ကြည့်မြင်တိုင် တဖက်ကမ်း၌ မီးလောင်၊ နေအိမ် ၁၁ လုံး ဆုံးရှုံး
Donate to DVB

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့ တဖက်ကမ်းမှာ မတ် ၁၃ ရက် ညပိုင်းက ဒယ်နီအိုး အပူလွန်ကဲရာက လူနေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ကြည့်မြင်တိုင်တဖက်ကမ်း၊ စက်ဆန်းရပ်ကွက်၊ နဝဒေးလမ်းမှာ မတ် ၁၃ ရက် ည ၇ နာရီက ဦးကိုကိုအောင်ရဲ့ နေအိမ်အတွင်းရှိ ဒယ်နီအိုး အပူလွန်ကဲရာက မီးလောင်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကမ်းနားဘက်မှာဆိုတော့ ခဏလေးနဲ့ အိမ်တွေကူးကုန်တာ။ လောင်တဲ့အချိန်ကလည်း လေအရမ်းတိုက်နေတယ်။ လမ်းကလည်း ကျဥ်းတော့ မီးသတ်ကားတွေ တော်ရုံနဲ့ ဝင်လို့မရတာလည်း ပါတာပေါ့။”

မီးစတင်လောင်ကျွမ်းမှုမှာ အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး၊ ပျဥ်ထောင် နေအိမ် မီးဖိုချောင်အတွင်း ဒယ်နီအိုး အပူလွန်ကဲရာက လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့ကြောင်းနဲ့ ပျဥ်ထောင်၊ သွပ်မိုး နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဌာန မှတ်တမ်းတွေအရ သိရပါတယ်။

မီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ဦးကိုကိုအောင်ကို စက်ဆန်းနယ်မြေရဲစခန်းက မီးကို ပေါ့လျော့စွာသုံးစွဲမှု ပုဒ်မ ၂၈၅​ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013