DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ် လဝကဦးစီးမှူးကို  PDF ဖမ်းဆီး
DVB
·
March 14, 2024
မုံရွာမြို့နယ် လဝကဦးစီးမှူးကို  PDF ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ် ၁၄ ရက် ဒီမနက် ၇ နာရီက စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လဝကဦးစီးမှူး တဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

မုံရွာမြို့နယ် လဝက ဦးစီးမှူး ဦးအောင်မိုးဝင်းကို ဒီနေ့မနက် ၇ နာရီက  PDF တွေက နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားတာလို့  မြို့ခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် လဝကရုံးမှာ စစ်သားတွေရော ရဲတွေရော ရောက်နေတယ်။ လဝကဦးစီးမှူးကို PDF တွေက ဖမ်းသွားလို့ဆိုပြီး ဝန်ထမ်းတွေကို စစ်မေးနေတယ်။”

လဝကဦးစီးမှူး ဦးအောင်မိုးဝင်းဟာ မုံရွာမြို့နယ် စစ်မှုထမ်းစာရင်း ကောက်ယူရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်တဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တိုင်းစစ်ဌာနချုပ်လည်းရှိတယ်၊ တိုင်းအစိုးရရုံးလည်းရှိတယ်၊ အဲ့လိုနေရာမှာ နေတဲ့သူကို PDF တွေက အိမ်ထဲထိ ဝင်ဖမ်းတယ်ဆိုတော့ လုံခြုံရေး ဘယ်လောက်ညံ့လဲဆိုတာ စဥ်းစားကြည့်၊ PDF တွေမြင်မှာစိုးလို့ ပုန်းရင်ပုန်းနေမှာ အဲ့လူတွေ။”

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက မုံရွာမြို့ပေါ်တဝိုက် လိုက်လံရှာဖွေနေပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ကလည်း မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ငွေသိန်း ၃၀၀ နဲ့အတူ ဘဏ်မန်နေဂျာကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013