DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အွန်လိုင်းမှဆိုင်ကယ်ရောင်းသည့်  မြန်မာ ၂ ဦး ဖမ်းဆီးခံရ 
DVB
·
March 14, 2024
ထိုင်းတွင် အွန်လိုင်းမှဆိုင်ကယ်ရောင်းသည့်  မြန်မာ ၂ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ အုန်းနွဲ့မြို့နယ်ထဲမှာ  လူမှုကွန်ရက်အွန်လိုင်းပေါ်ကနေ ဆိုင်ကယ်နဲ့ ကားတွေ ကြော်ငြာပြီးရောင်းချနေတဲ့ မြန်မာအလုပ်သမား  ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရတယ်လို့ Ch7  ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မြန်မာအလုပ်သမား နှစ်ဦးဟာ အွန်လိုင်းကနေ Big Bike ဘီးကြီးဆိုင်ကယ် အပါအဝင် သာမန်ဆိုင်ကယ်နဲ့ကားတွေ ရောင်းချနေကြောင်း သတင်းပေးချက်အရ တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးအရေးယူခဲ့တာပါ။

သူတို့နှစ်ဦးမှာ အသက် ၂၁ နှစ်အရွယ်ရှိ ကိုနီနဲ့ အသက် ၂၃ နှစ်ရှိ မမာ တို့ဖြစ်ပြီး ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ သူတို့ဟာ ဆိုင်ကယ်နဲ့ကားတွေကို  မြန်မာလူမျိုးအချင်းချင်းကိုသာ ရောင်းချပေးနေတာ ဆိုပေမဲ့  ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  ထိုင်းလူမျိုးသာ လုပ်ကိုင်ခွင့်ရှိတဲ့ ဈေးရောင်းတဲ့အလုပ်ကို လုပ်ခွင့်မရှိ ၊ ထိုင်းတွေရဲ့အလုပ်အကိုင်ကို လုလုပ်နေ သလိုဖြစ်တာကြောင့် ဥပဒေချိုးဖောက်တယ်လို့  တာဝန်ရှိသူတွေက အရင်ဆုံးရှင်းပြကာ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းအလုပ်သမားဥပဒေအရ ခွင့်ပြုချက်မရတဲ့ အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်ရင်  ငွေဒဏ်အနည်းဆုံး ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိကျခံရနိုင်ပြီး အလုပ်သမားကတ် နှစ် နှစ်တာ ရုပ်သိမ်းခံရနိုင်ပါတယ်။

စမွတ်စခွန်ခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာအမျိုးသမီး  တဦး တရားမဝင်အားဖြည့်ဆေးတွေ၊ အလှကုန်ပစ္စည်းတွေ အွန်လိုင်းပေါ် ကြော်ငြာရောင်းချတာ ကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ 

Source/ Photo: Ch7HDNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013