DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် အသတ်ခံရသောမြန်မာမိန်းကလေးဈာပန အလုပ်ရှင်က ကျင်းပပေး 
DVB
·
March 14, 2024
ထိုင်းတောင်ပိုင်းတွင် အသတ်ခံရသောမြန်မာမိန်းကလေးဈာပန အလုပ်ရှင်က ကျင်းပပေး 
Donate to DVB

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်မှာ ပြီးခဲ့တဲ့ အပတ်က ရည်းစားဟောင်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့  သူဇာခေါ်  နောင့်ဇာ (အသက် ၃၂ နှစ်) ဆိုသူ မြန်မာအလုပ်သမတဦးရဲ့ စျာပနအ ခမ်းအနားကို အလုပ်ရှင်ဖြစ်သူက နခွန်းဆီထမရတ်မြို့ ဝပ်ဘွန်းနားလုပ် ကျောင်းတိုက်မှာ ကျင်းပပေးခဲ့ပါတယ်။ 

နောင့်ဇာဟာ ကော်ဖီဆိုင်တဆိုင်မှာ အလုပ်လုပ်နေပြီး ချောမောလှပတာကြောင့် Tiktok ဆိုရှယ်မီဒီယာမှာ လူသိများသူတဦးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ မတ် ၃ ရက်က ထူးဆန်းစွာ ပျောက်ဆုံးနေတာကြောင့် လုပ်ဖော်ကိုင်ဘက်နဲ့ အလုပ်ရှင်တို့က မြို့နယ်ရဲစခန်းမှာ သွား ရောက်တိုင်တန်းခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ် ၁၁ ရက်နေ့မှာတော့ နခါန်းဆီထမရတ် ဝပ်ထောက်ခို့ ဘုန်းကြီးကျောင်းဝင်းရှိ ကုဋီပျက်ရဲ့ ရေတွင်းဟောင်းတခုထဲမှာ သင်္ကန်းစနဲ့ခြုံထားတဲ့ အလောင်းတလောင်းကို သတင်းထောက်တွေက ရှာဖွေတွေ့ရှိပြီး  သဲလွန်စနဲ့ သက်သေစိစစ်ရေး ရဲတပ်ဖွဲ့ကလည်း အဆိုပါအလောင်းဟာ ပျောက်ဆုံးနေတဲ့ နောင့်ဇာရဲ့အလောင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ ရဲတပ်ဖွဲ့က နောင့်ဇာ နောက်ဆုံးသွားခဲ့တဲ့နေရာတွေကို စီစီကင်မရာကနေ လိုက်လံစစ်ဆေးရာမှာ မတ် ၃ ရက်က သူမဟာ သူ့ရဲ့ ဘီးကြီးဆိုင်ကယ် ပန်းရောင်ကိုစီးပြီး  ရည်းစားဟောင်းထံသွားခဲ့တယ်၊ အဲဒီကတည်းက ထပ်မတွေ့ရတော့၊ မတ် ၄ ရက်နေ့မှာ သူ့ရည်းစားဟောင်း နိုင်းနိုင် ခေါ်  နိုင်းဖစ်ထယား ( ၂၇ နှစ်) ဆိုသူက သူမရဲ့ဆိုင်ကယ်ကို စီးလာပြီး နောင့်ဇာရဲ့ဆွေမျိုးအိမ်ရှေ့မှာ သွားရပ်ထားတယ်၊ ပြီးတော့ သူ့သူငယ်ချင်းဆိုင်ကယ်နဲ့ ပြန်လိုက်သွားတယ်၊ အဲဒီနောက် နိုင်းနိုင်ဟာ ပျောက်ဆုံးသွားပါတယ်။ 

ရဲတွေက နိုင်းနိုင်ကို လူသတ်မှုသံသယရှိဆုံးသူအဖြစ် ဖမ်းဝရမ်းထုတ်ထားပြီး သူဟာ ထိုင်းတောင်ပိုင်း ကရပိခရိုင်ထဲမှာ ထွက်ပြေးပုန်းရှောင်နေတယ်လို့  သိရပါတယ်။ မတ် ၁၂ ရက်မှာတော့ နိုင်းနိုင်က အဖမ်းခံမယ့်အကြောင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး နခွန်းဆီထမရတ်မှာပဲ ပြန်လာအဖမ်းခံခဲ့ပါတယ်။

သူဟာ နောင့်ဇာနဲ့ရည်းစားဖြစ်ဖူးပြီး အဆက်အသွယ်မပြတ်ကြောင်း၊ မတ် ၃ ရက်နေ့ညက နောင့်ဇာရောက်လာတော့ တခြားအမျိုးသားတဦးကလည်း ဖုန်းဆက်လာလို့ သဝန်တိုပြီး စ ကားများကြတယ်၊ သူက နောင့်ဇာရဲ့လည်ပင်းကို ဓားနဲ့ထိုးသတ်ပြီး အလောင်းဖျောက်တဲ့အနေနဲ့ သူတို့အိမ်အနောက်ဘက် ကုဋီပျက်တခုရှိ ရေတွင်းဟောင်းထဲမှာ ပစ်ချခဲ့တယ်၊ စိတ်လိုက်မန်ပါ လုပ်မိတဲ့အတွေက် နောင်တရကြောင်း၊ နောင့်ဇာရဲ့ ဆွေမျိုးမိဘတွေကို တောင်းပန်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ 

နောင့်ဇာရဲ့ လုပ်ဖော်ကိုင်ဘက်တွေကတော့ သဝန်တိုလို့ လုပ်တာထက် နောင့်ဇာကို အကြွေးမပေးချင်လို့ လက်စဖျောက်တာဖြစ်နိုင်ကြောင်း၊ နိုင်းနိုင် နဲ့ နောင့်ဇာတို့ဟာ ရည်းစားဆိုပေမယ့် ကွဲနေတာကြာပြီ၊ နိုင်းနိုင်က အသုံးအဖြုန်းကြီးပြီး နောင့်ဇာဆီ ငွေချေးထားတာ ၁ သိန်းကျော်ရှိတယ်၊ နောင့်ဇာက အကြွေးသွားတောင်းစဉ် အချင်းများပြီး လူသတ်မှုဖြစ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ရဲစခန်းကတော့ နိုင်းနိုင်ကို တမင်ရည်ရွယ်လူသတ်မှု၊ အလောင်းဖျက်ဖျက်မှုတွေနဲ့  တရားစွဲဆိုပြီး အရေးယူအပြစ်ပေးသွားမယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013