DVB Logo
Home
မြန်မာသတင်း
မုံရွာ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာကိုပါ ဖမ်းဆီး
DVB
·
March 14, 2024
မုံရွာ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာကိုပါ ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ကို မတ် ၁၃ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက ဝင်ရောက်စီးနင်းခဲ့ပြီး မန်နေဂျာ ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းက နာရီစင်နဲ့ မြို့တော်ခန်းမကြားမှာရှိတဲ့ အင်းဝဘဏ်ကို မတ် ၁၃ ရက် နေ့လယ် ၁ နာရီလောက်က ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာ အမျိုးသမီးကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဘဏ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဘဏ်ထဲက ဝန်ထမ်းတွေ အကုန်လုံးကို စုထိုင်ခိုင်းပြီး ကောင်တာအံဆွဲထဲက ဘဏ်ငွေ ၃၆၂ သိန်းကျော်နဲ့ ကွန်ပျူတာ ၃ လုံးရယ်၊ Scanner Machine (for Security) တလုံးရယ်၊ ဧည့်ဝင်/ထွက် မှတ်တမ်းစာအုပ်တအုပ်နဲ့ ဝန်ထမ်းတွေကိုင်တဲ့ ဖုန်း ၁၂ လုံးကို ယူသွားကြတယ်။ မန်နေဂျာကိုပါ ဖမ်းသွားကြတာ။”

ဖြစ်စဥ်မှာ မတ် ၁၃ ရက် နေ့လယ်ပိုင်းက မုံရွာ အင်းဝဘဏ်ကို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဆိုင်ကယ်တစီးနဲ့ ဝင်ရောက်လာပြီးနောက် အဖြူရောင်ကားတစီးနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ခြောက်ဦးခန့် ထပ်မံဝင်ရာက်လာကာ ငွေကျပ် သိန်း ၃၀၀ ကျော်ကို ယူဆောင်သွားတဲ့အပြင် မန်နေဂျာ ဒေါ်လှလှသွယ်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

အဲ့ဒီဘဏ်ဓားပြတိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က မုံရွာတောင်ဘက်အထွက် ဘိုးဘွားရိပ်သာအနီး အဝိုင်းပတ်၊ နတ်လူထိပ်ပန်ရပ်ကွက်နဲ့ စက်မှုဇုန်နယ်မြေတွေ အပါအဝင် တမြို့လုံးကို ပိတ်ဆို့ရှာဖွေနေပြီး လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြို့ခံတွေအကြား ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း မုံရွာမြို့မှာ ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကာ ငွေကျပ် သိန်းပေါင်း ၃၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013