DVB Logo
Home
မြန်မာသတင်း
မိုးမောက်ရှိ ခလရ ၂၃၇ တပ်ရင်းကို KIA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ သိမ်းပိုက်
DVB
·
March 14, 2024
မိုးမောက်ရှိ ခလရ ၂၃၇ တပ်ရင်းကို KIA ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စုရှိ ဒါဆိုင်းရွာက စစ်ကောင်စီ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေက မတ် ၁၄ ရက် ဒီမနက် ၈ နာရီလောက်မှာ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက “ဒါဆိုင်း စစ်ကောင်စီစခန်းက သိမ်းနိုင်ပြီ။ ၈ နာရီကျော်က သိမ်းနိုင်တာ။ လက်နက် ပစ္စည်းတွေ သယ်နေတယ် အခု” လို့ ပြောပါတယ်။

KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ နယ်မြေဖြစ်တဲ့ အဲဒီ ဒါဆိုင်း စစ်ကောင်စီစခန်းကို ဒီနေ့ မတ် ၁၄ ရက် မနက် ၆ နာရီလောက်ကစပြီး တကျော့ပြန် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်တာလို့ ဆိုပါတယ်။

“မြို့သစ်အောက်က ဒါဆိုင်း စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းနိုင်ပြီ။ ဒါဆိုင်း ခလရ ၂၃၇ ကို ဒီမနက် KIA နဲ့ ပူးပေါင်း မဟာမိတ်အဖွဲ့က သိမ်းလိုက်တာ” လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ သိမ်းပိုက်ရရှိထားတဲ့ လက်နက်ခဲယမ်းစာရင်းတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

မနေ့ မတ် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း ဖားကန့်မြို့နယ်၊ နမ့်မှော်အနီးရှိ တန် ၃၀၀၀ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး အဲဒီနားက တာဝါတိုင်ကုန်းမှာလည်း စစ်ကောင်စီစစ်သည် ၁၀ ဦး ဖမ်းဆီးမိထားတာ ဖြစ်ပါတယ်။

လိုင်ဇာနားနဲ့ ‌ဗန်မော်-မြစ်ကြီးနား လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ဖားကန့် လမ်းကြောက စစ်ကောင်စီစခန်းတွေကိုပါ KIA နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က မတ် ၃ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်ကောင်စီ တပ်စခန်း အကြီး၊ အသေး ၂၀ ကျော် သိမ်းပိုက်ထား‌ပြီဖြစ်ကြောင်း KIA အသိုင်းအဝိုင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013