
အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှုတွေရပ်ရေးနဲ့ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၆ ရက်မှာ ပယ်ချခဲ့ပါတယ်။
နယူးယောက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်က ပြောခဲ့တာဖြစ်ပြီး အမေရိကန်ကိုလည်း ညှိနှိုင်းမှုတွေလုပ်နေတဲ့ ကာတာနိုင်ငံကတဆင့် ပေးပို့ထားတယ်လို့ ပြောပါတယ်။
အဲဒီအထဲမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကို ၇ ရက်အတွင်း ရပ်တန့်ဖို့ အကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော်မှာ ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းထောက်က မှတ်ချက်ပေးဖို့ ပြောဆိုတဲ့အပေါ် ထရမ့်ပ်က “ဒီအစီရင်ခံစားကို ကျနော်ပယ်ချပါတယ်။ သူတို့ရဲ့ သဘောတူညီချက်လုပ်ချင်တာကို ပယ်ချပါတယ်။ သူတို့ဟာ ဆုံးရှုံးမှုတွေ များနေလို့ ဟော်မုဇ်ကို ချက်ချင်းပြန်ဖွင့်တာကြောင့် သဘောတူညီချက် လုပ်ချင်နေတာပါ။ ကျနော်တို့ နိုင်နေပါပြီ။ သူတို့က သဘောတူညီချက် ရချင်တယ်။ ဒါကကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ သဘောတူညီချက် လုပ်ရတာ ကျနော်လည်း ကြိုက်ပါတယ်။ သူတို့ဘာလို့ ဟော်မုဇ်ကို ချက်ချင်း ပြန်ဖွင့်ချင်နေတာလဲ သူတို့ ပိုက်ဆံမရလို့ပါ။ သူတို့ ပိုက်ဆံလိုချင်လို့ ဟော်မုဇ်ကို ပြန်ဖွင့်ချင်တာပါ”လို့ ဖြေကြားခဲ့ပါတယ်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားတယ်လို့ ထရမ့်ပ်က အခိုင်အမာ ပြောထားပေမဲ့ ဟော်မုဇ်ပြန်ဖွင့်ဖို့ အမေရိကန်က အီရန်ကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အီရန်ရဲ့ အဆိုပြုချက်ကို ထရမ့်ပ်က ပယ်ချခဲ့ပြီးနောက် အမေရိကန်က တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းမယ်လို့ အီရန်က ပြောထားပါတယ်။
Source: Reuters










