DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄,၆၈၀ ထိ မြင့်တက်လာ
DVB
·
March 13, 2024
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၄,၆၈၀ ထိ မြင့်တက်လာ
Donate to DVB

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၆၈၀ ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၀၆ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၈၂၉ ဦးကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ဦး ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၃၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ မတ် ၁ ရက်ကနေ ဒီကနေ့ မတ် ၁၃ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၂၇ ဦး၊ စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ခြောက်ဦး ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ၄၃ ဦးထဲမှာတော့ စစ်ကိုင်းတိုင်းမှာ ၁၄ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းအနေနဲ့ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၁ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ လေးဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013