DVB Logo
Home
မြန်မာသတင်း
မလေးရောက်မြန်မာများ CI လျှောက်ထားခြင်းကို QR Code စနစ်ဖြင့် ပြောင်းလဲမည်
DVB
·
March 13, 2024
မလေးရောက်မြန်မာများ CI လျှောက်ထားခြင်းကို QR Code စနစ်ဖြင့် ပြောင်းလဲမည်
Donate to DVB

မလေးရှားနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) လျှောက်ထားတာကို QR Code စနစ်နဲ့ ပြောင်းလဲသွားမယ်လို့ မလေးရှား၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက မတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ သက်တမ်းတိုး၊ လျှောက်ထားတာနဲ့ အသစ်ထုတ်ပေးတာတွေကိုလည်း အွန်လိုင်းက ရက်ချိန်းစနစ်နဲ့ ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက် သက်သေခံလက်မှတ် (Certificate of Identity-CI) လျှောက်ထားတာကို မတ် ၁၈ ရက်ကစပြီး အွန်လိုင်းမှာ QR Code စနစ်နဲ့ ရက်ချိန်းယူမယ့်စနစ်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကို သက်သေခံလက်မှတ် (CI) အခမဲ့ နေ့ချင်းပြီး ထုတ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်တဲ့လုပ်ငန်းတွေ အဆင်ပြေဖို့နဲ့ ရုံးလုပ်ငန်းကိစ္စတွေ ထိရောက်စွာ လုပ်ဆောင်‌နိုင် ရေးအတွက် QR Code စနစ်နဲ့ ရက်ချိန်းယူတဲ့စနစ်ကို လုပ်ဆောင်ခဲ့တာလို့ မလေးရှားရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

မလေးရောက် မြန်မာနိုင်ငံသားတဦးက “CI ဆိုတာ မလေးကို တရားမဝင် ဝင်လာပြီး ပြန်မယ့် မြန်မာနိုင်ငံသားအတွက် မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့ အကြောင်းကို သက်သေခံတဲ့ အရာပါ။ ပြီးရင် အဲဒီလက်မှတ်တွေနဲ့ ဒဏ်ကြေးဆောင်ပြီး မြန်မာပြည်ပြန်လို့ရပြီ။ အွန်လိုင်းစနစ်က ပြန်ချင်တဲ့သူတွေအတွက် အလုပ်ရှုတ်ခံပြီး တန်းစီစရာ မလိုတော့ဘူး” လို့ ပြောပါတယ်။

CI လျှောက်ထားသူတွေအနေနဲ့ www.mekl.org မှာ အချက်အလက်တွေ မှန်ကန်စွာ ဖြည့်သွင်းရမှာဖြစ်ပြီး ဝန်ဆောင်မှုရွေးချယ်ရာမှာလည်း “Certificate of Identity လျှောက်ထားခြင်း” ကို ရွေးချယ်ရမှာဖြစ်ပြီး မြန်မာသံရုံးကို လာရောက်ရမယ့် နေ့ရက်ကို လျှောက်ထားသူရဲ့ အီးမေးလ်ကို ပြန်လည်အကြောင်းကြားမယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

Photo. ကိုဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013