DVB Logo
Home
မြန်မာသတင်း
YPS ကတ်နှင့် QR Code အသုံးပြုသူများ အဆင်မပြေ 
DVB
·
January 31, 2024
YPS ကတ်နှင့် QR Code အသုံးပြုသူများ အဆင်မပြေ 
Donate to DVB

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ YPS ကတ် ၊ QR တွေသုံးပြီး ယာဉ်စီးခ ပေးချေနိုင်ပေမဲ့ ယာဉ်အများစုမှာ တပ်ဆင်ထားတဲ့ စက်တွေ အလုပ် မလုပ်တာ၊ ယာဉ်မောင်းတွေက ကတ်စနစ်ကို မကြိုက်တာကြောင့် စက်တွေကို အိတ်အမည်းတွေနဲ့ စွပ်ထားတာတွေကို အများဆုံးကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့က အမျိုးသမီးတဦးက “QR ပဲဖြစ်ဖြစ် ၊ ကတ်စနစ်ပဲလုပ်လုပ် ငွေချေစက်တွေကို ကြွပ်ကြွပ်အိတ်မည်းတွေနဲ့ဖုံးထားတာကို အရင် ဖွင့်ခိုင်းဖို့လိုတယ်၊ ကားပေါ်တက်တာနဲ့ စက်ပျက်နေတာ၊ ကားခကျ ယာဉ်မောင်းလက်ထဲ ပေးရတာ၊ ငွေပုံးထဲတောင် ထည့်မရတော့ဘူး၊ လုပ်ခလစာတွေသာ တိုးမလာတာ လမ်းစရိတ်တွေ ကုန်ဈေးနှုန်းတွေ ဈေးကြီးနေတာ ဒီလို အခြေအနေတွေမှာ ကတ်ထဲ ပိုက်ဆံထည့်ထားပြီး သုံးမရတာက အဆင်မပြေပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအစီးရေနည်းပါးတဲ့အပြင် ကတ်စနစ်ကို လက်မခံတဲ့ ယာဉ်မောင်းအရေအတွက် နည်းပါးတာကြောင့် ကတ်စနစ်ကို အသုံးပြုတဲ့ ပြည်သူများအနေဖြင့် ယာဉ်စီးခအတွက် အကြွေကို ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့ခံ အမျိုးသားတဦးက “ဒီကတ်စနစ်ကို ရေရှည်အကောင်ထည်ဖော်ချင်ရင် လက်တွေ့ကျကျ လိုက်စစ်ဖို့ အဓိကပေါ့၊ တချို့ကားတွေ အိတ်အမည်းတွေ စွပ်ထားတာနဲ့ စက်ပိတ်ထားတာနဲ့ ကားပေါ်ရောက်ရင် အကြွေကမပါ၊ ကတ်က ဖြတ်မရတော့ဘူး။ အရေးယူမှု လုပ်တယ်ဆိုရင်လည်း ထိထိရောက်ရောက် လုပ်စေချင်တယ်၊ သက်ဆိုင်ရာအနေနဲ့ အလုပ်တခုလုပ်ရင် တာဝန်ယူမှု တာဝန်ခံမှုတော့ရှိဖို့လိုတယ်” လို့ပြောပါတယ်။

Yangon Payment Service ရဲ့ ဝန်ဆောင်မှုဌာနကတော့ “YPS ကတ်ဖြင့်ပေးချေ အသုံးပြုနိုင်တဲ့ YBS ယာဥ်လိုင်းတွေ စက်မဖွင့်ထားတာတွေကို သက်ဆိုင်ရာ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ကားနံပါတ်နဲ့ ယာဉ်အမှတ်နဲ့ တိုင်ကြားရင် ချက်ချင်းစစ်ဆေးအရေးယူပေးနေတယ်” လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ဇန်နဝါရီလ ၂၈ ရက် မှာ YBS ယာဉ်လိုင်း ၁၃၁ နဲ့ ယာဉ်အစီးအရေ ၃၈၀၉ ပြေးဆွဲခဲ့တယ်လို့နေ့စဉ် ထုတ်ပြန်နေပေမဲ့ CNG ရှားပါးမှုကြောင့် YBS တွေဟာ ဓာတ်ငွေ့ဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာရှိနေပြီး ခရီးသွားတွေအနေနဲ့ မှတ်တိုင် တွေမှာ YBS လာဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်း နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013