DVB Logo
Home
နိုင်ငံတကာ
ဆွစ်ဇာလန်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်အခန်းငယ် ဖန်တီး အသုံးပြုသူများအား ဖမ်းဆီး
DVB
·
September 25, 2024
ဆွစ်ဇာလန်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်အခန်းငယ် ဖန်တီး အသုံးပြုသူများအား ဖမ်းဆီး
Donate to DVB

ကိုယ့်ကိုယ်ကိုယ်သတ်သေနိုင်အောင် ဖန်တီး တီထွင်ထားတဲ့ အငြင်းပွားစရာ အခန်းငယ်တမျိုးကို ဆွစ်ဇာလန်နိုင်ငံမှာ ပထမဆုံးအကြိမ် အသုံးပြုပြီးတဲ့နောက် လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

ဆာကိုလို့ခေါ်တဲ့ အခန်းငယ်ကို စက်တင်ဘာ ၂၃ ရက်က မဲရစ်ဟောင်ဇင်ခရိုင်ထဲက သစ်တောထဲမှာ ချထားတာတွေ့ခဲ့တယ်လို့ ဂျာမနီနယ်စပ်က ဆွီဒင်မြို့ ရှပ်ဖ်ဟောက်ဇင်ရဲ့ မြောက်ပိုင်းနယ်မြေစိတ်က ရဲတွေက ပြောခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ လှုံ့ဆော်ပေးခြင်း၊ ကူညီခြင်းနဲ့ သတ်သေခြင်း” တို့အတွက် လူအများအပြားကို ရှပ်ဖ်ဟောက်ဇင် နယ်မြေစုက အစိုးရရှေ့နေတွေက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေအကြောင်း အသေးစိတ်မဖော်ပြဘဲ လူအများအပြားကို ဖမ်းဆီးထားတယ်လို့သာ ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

သေဆုံးသူဟာ ခုခံအားစနစ် ဆိုးဆိုးရွားရွားဖြစ်နေလို့ ဝေဒနာခံစားနေရတဲ့ အသက် ၆၄ နှစ်အရွယ် အမေရိကန် အမျိုးသမီးတယောက်ဖြစ်တယ်လို့ သတ်သေတဲ့အခန်းငယ်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ နောက်ဆုံးခိုကိုးရာလို့ နာမည်ပေးထားတဲ့ အဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။

The Last Resort ရဲ့ ပူးတွဲဥက္ကဋ္ဌ ဖလိုရီယံ ဝီးလ်လတ်၊ နယ်သာလန်သတင်းထောက် တယောက်နဲ့ ဆွစ်ဇာလန်နိုင်ငံသား ၂ ယောက် အပါအဝင် လူ ၄ ယောက် အဖမ်းခံရတယ်လို့ The Last Resort အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန် အမျိုးသမီးက သူ့ဘဝကို အဆုံးသတ်ချိန်မှာ ဝီးလ်လတ်က အနားမှာရှိနေတဲ့ တယောက်တည်းသောသူ ဖြစ်တယ်လို့လည်း ပြောခွင့်ရက ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ တရားဝင်ခွင့်ပြုတဲ့နေရာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ရေး အကူအညီလိုလားသူတွေကို ထောက်ခံအားပေးသူတွေရဲ့ အားထားရာနိုင်ငံ ဖြစ်လာနေပါတယ်။

The Last Resort က သူ့ရဲ့ တရားရေးဆိုင်ရာ အကြံဉာဏ်ကို အသုံးချနိုင်တယ်လို့ ပြောပါတယ်။

သတ်သေတဲ့ အခန်းငယ်ကို ခွင့်ပြုမလား ဆိုတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကြား မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့ ဆွေးနွေးမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအခန်းငယ်ဟာ ထုတ်ကုန်ဘေးကင်းရေး ဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘဲ နိုက်ထရိုဂျင် အသုံးပြုမှုဟာလည်း တရားဥပဒေကို မလိုက်နာဘူးလို့ ဆွစ်ကျန်းမာရေးဝန်ကြီး အဲလိဇဘက် ဘောင်မန် ရှနိုက်ဒါက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013