DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်ပြဿနာ ဖြေရှင်းရေး တရုတ်အဆိုပြုချက် ဖိလစ်ပိုင် မပယ်ချ
DVB
·
March 13, 2024
တောင်တရုတ်ပင်လယ်ပြဿနာ ဖြေရှင်းရေး တရုတ်အဆိုပြုချက် ဖိလစ်ပိုင် မပယ်ချ
Donate to DVB

တောင်တရုတ်ပင်လယ်ပြဿနာ ဖြေရှင်းရေး တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေကို ဖိလစ်ပိုင်အစိုးရက မပယ်ချခဲ့ပေမဲ့ အဆိုပြုချက်တွေရဲ့ အကျုံးဝင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မတ် ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်အစိုးရရဲ့ ကျယ်ပြန့်တဲ့ တောင်းဆိုချက်တွေကို သေချာပေါက်အနေနဲ့ ဖိလစ်ပိုင်ကရော ဘယ်နိုင်ငံမဆိုကပါ လုံးဝ အသိအမှတ်မပြုဘူးလို့ ဂျာမနီနိုင်ငံကို အလုပ်သဘော အလည်အပတ်ခရီးစဉ်အတွင်း မားကို့စ်က ပြောခဲ့တာပါ။

တရုတ်ရဲ့ အရေးဆိုချက်တွေဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘူးလို့ အမြဲတမ်း အနုညာတခုံရုံးက ၂၀၁၆ စီရင်ချက်မှာ ဆုံးဖြတ်ခဲ့ပေမဲ့ တရုတ်နိုင်ငံက ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး တောင်တရုတ်ပင်လယ် ကျွန်းစုတွေအပေါ် အငြင်းမပွားနိုင်တဲ့ အချုပ်အခြာအာဏာ ရှိတယ်လို့ အင်္ဂါနေ့က ထပ်ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားရေပိုင်နက်တွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်အစိုးရတို့ကြား တင်းမာမှုတွေဟာ မကြာသေးမီလတွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်ကမ်းရိုးတန်းစောင့်တပ်တွေက ဖိလစ်ပိုင်ရေတပ်ရဲ့ ထောက်ပို့စစ်ဆင်ရေးအတွင်း သင်္ဘောတွေထဲက တစင်းကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက စွပ်စွဲထားပါတယ်။

Source/Photo-Philippine Coast Guard/HANDOUT via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013