DVB Logo
Home
နိုင်ငံတကာ
ဟေတီဝန်ကြီးချုပ် ရာထူးကနုတ်ထွက်မည့်အပေါ်  ပြည်သူများ ကြိုဆို
DVB
·
March 13, 2024
ဟေတီဝန်ကြီးချုပ် ရာထူးကနုတ်ထွက်မည့်အပေါ်  ပြည်သူများ ကြိုဆို
Donate to DVB

ဟေတီဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်ရေးအတွက် ရာထူးကနေ ဆင်းပေးမယ်လို့ မတ် ၁၂ ရက်က ပြောအပြီး ဟေတီနိုင်ငံရေး အနာဂတ်က မသေချာ မရေရာ ဖြစ်နေပေမဲ့ လချီကြာတဲ့ ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကို စိတ်ပျက်နေတဲ့ ပြည်သူတွေက ကြိုဆိုလိုက်ကြပါတယ်။

အသွင်ကူးပြောင်းရေး သမ္မတကောင်စီ ဖွဲ့စည်းပြီးတာနဲ့ ချက်ချင်းနုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် အေရီယယ် ဟင်နရီ ကြေညာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပြုမိတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က မတ် ၁၂ ရက်မှာ ပြောပါတယ်။

အကြမ်းဖက် ခြိမ်းခြောက်နေတဲ့ ဟေတီဂိုဏ်းတွေအတွက် ကုလအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားအကြောင်း သတင်းထောက်တယောက်က မေးရာမှာ သေနတ်သံတွေ တိတ်ထားပါလို့ ဒူဂျာရစ်က ရိုးရိုးရှင်းရှင်း ပြန်ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် အေရီယယ် ဟင်နရီက ရာထူးကနေ ဆင်းမယ်လို့ ပြောပြီးချိန်မှာပဲ ဟေတီ အသွင်ကူးပြောင်းရေးကောင်စီရဲ့ အဖွဲ့ဝင်တွေကို လာမယ့် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခန့်အပ်ဖို့ အမေရိကန်အစိုးရက မျှော်လင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မတ်သယူး မေလာက ပြောပါတယ်။

ဒီကောင်စီဟာ ဟေတီရဲ့ ကြားဖြတ်ဝန်ကြီးချုပ်ကို ခန့်အပ်ဖို့ ဆောင်ရွက်လိမ့်မယ်လို့ မေလာက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အစိုးရက အင်မတန်နီးကပ်တဲ့ အနာဂတ်မှာ သဘောတူညီချက်တွေရဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

မြို့တော် ပို့ထ်အောပရင့်စ်က လုံခြုံရေး အခြေအနေတွေက ဆိုးရွားနေဆဲဖြစ်ပြီး လက်နက်ကိုင် ယောက်ျားတွေက လေဆိပ်နဲ့ တခြား အဓိက အခြေခံအဆောက်အဦတွေကို ထိန်းချုပ်ထားလို့ ဘယ်အချိန် ဘာဆက်ဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်နက်အင်အားမမျှတဲ့ ဒေသခံ ရဲတွေနဲ့ ဥပဒေစိုးမိုးရေး တိုးမြှင့်ဖို့ နိုင်ငံတကာ စစ်ဆင်ရေးတွေ တပ်ချဖို့ အစီအမံတွေအတွက် အချိန်နဲ့ပတ်သက်လို့ သံသယတွေ ရစ်သိုင်းနေဆဲပါ။

အင်္ဂါမနက်ပိုင်းက ကုလသမဂ္ဂ အရာထမ်းတွေ အပါအဝင် နိုင်ငံတကာ ဧည့်သည်တွေ တည်းခိုလေ့ရှိရာ ခါရီဘေဟိုတယ်မှာ ရဟတ်ယာဉ်တွေ ဆင်းသက်ခဲ့ပြီး လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တရပ်က ပြောပါတယ်။

ကာလကြာရှည် နှောင့်နှေးနေတဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးမယ်ဆိုတဲ့ လုံခြုံရေး မစ်ရှင်အတွက် ထောက်ခံချက်ရဖို့ ဖေဖော်ဝါရီလ နှောင်းပိုင်းတည်းက ဝန်ကြီးချုပ် အေရီယယ် ဟင်နရီဟာ ကင်ညာနိုင်ငံကို ရောက်နေပါတယ်။

ကင်ညာခေါင်းဆောင်တွေကတော့ ဟေတီကို သူတို့ရဲ့ ရဲအရာရှိတွေ မကြာခင် စေလွှတ်မယ်လို့ လတ်တလောမှာ ပြောထားပေမဲ့ ဒီစစ်ဆင်ရေးအတွက် ဘဏ္ဍာငွေနဲ့ ပိုဆိုးလာနေတဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ဆင်ရေးရဲ့ အလားအလာအပေါ် သံသယတွေ ရှိနေကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013