DVB Logo
Home
နိုင်ငံတကာ
ရာဖာမြို့ကို စစ်ဆင်ရေး တိုးလုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
March 13, 2024
ရာဖာမြို့ကို စစ်ဆင်ရေး တိုးလုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
Donate to DVB

နိုင်ငံတကာက ဖိအားတွေ ပိုတိုးနေတဲ့ကြားက ဂါဇာကမ်း‌မြောင်တောင်ပိုင်းက ရာဖာမြို့ကို စစ်ဆင်ရေး ဆက်တိုးလုပ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မတ် ၁၂ ရက်မှာ ပြောပါတယ်။

လူဦးရေ တသန်းခွဲလောက် ခိုလှုံနေတဲ့ ဘေးကင်းရာ နောက်ဆုံးနေရာဖြစ်တဲ့ ရာဖာမြို့ထဲကို မဝင်ဖို့ အစ္စရေးကို တောင်းဆိုနေသံတွေ ပိုတိုးလာနေတဲ့ကြားက ခုလိုပြောလိုက်တာပါ။

အရပ်သားတွေ ဘေးကင်းစေနိုင်ဖို့ ရာဖာကအလုပ်တွေ ပြီးအောင်လုပ်မယ်လို့ နေတန်ယာဟုက အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ အစ္စရေးလိုလားတဲ့ အဖွဲ့အစည်း AIPAC ကလုပ်တဲ့ ညီလာခံအတွင်း ပြောတဲ့ မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

ရာဖာမြို့မှာ မြေပြင်ထိုးစစ်မဆင်ဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက အစ္စရေးကို တိုက်တွန်းဖို့ ပြင်ဆင်ထားတာကို မကြာခင်ကျင်းပမယ့် ထိပ်သီးညီလာခံအတွက် မူကြမ်း ကောက်ချက်မှာ တွေ့ရအပြီး နေတန်ယာဟုက ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲရဲ့ နိဂုံးချုပ်စာမူကြမ်းအရ ပါလက်စတိုင်းတသန်းကျော်ဟာ တိုက်ပွဲတွေကနေ ဘေးကင်းစေဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရယူနေတဲ့ ရာဖာမြို့မှာ မြေပြင်စစ်ဆင်ရေးကို ရှောင်ကြဉ်ဖို့ ဥရောပကောင်စီက အစ္စရေးအစိုးရကို တိုက်တွန်းထားပါတယ်။

ဒီစာမူကြမ်းကို မတ် ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ EU ရဲ့ ၂၇ နိုင်ငံက ခေါင်းဆောင်တွေ အားလုံးက အတည်ပြုရမှာပါ။

နေတန်ယာဟုဟာ နိုင်ငံရဲ့တန်ဖိုးတွေကို ဆန့်ကျင်တဲ့နည်းနဲ့ စစ်ပွဲဆင်နွှဲရင်း အစ္စရေးကို ကူညီရာမရောက်ဘဲ ပိုမိုနာကျင်စေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့မှာ ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Ronen Zvulun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013