DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် ဈေးထွက်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDF ဖမ်းဆီး
DVB
·
March 13, 2024
စစ်ကိုင်းတွင် ဈေးထွက်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို PDF ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောကျေးရွာက ကုန်စုံဆိုင်တခုအတွင်း စစ်ကောင်စီ တင့်ကားတပ် ၆၀၀၅ မှ တပ်ဖွဲ့ဝင် ၃ ဦး ဈေးဝယ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၁ ရက် မနက် ၁၁ နာရီလောက်မှာ တပ်ကြပ်ကြီး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်နဲ့ ဈေးလာဝယ်ချိန်မှာ ဖမ်းဆီးပြီး ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဆရာကြံက ပြောပါတယ်။

“သတင်းကြိုရလို့ သွားဖမ်းခဲ့တာ၊ ဖမ်းဆီးစစ်ဆေးပြီး နယ်မြေအနေအထား မလုံခြုံတဲ့အတွက် နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့ကို အပ်ထားလိုက်တာ။ အဲ့ဒီကနေတဆင့် ခရိုင်ကို လွှဲပေးလိုက်တာ။”

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဇင်မျိုးသိန်း၊ ဒုတပ်ကြပ် ဇော်ဖြိုးချစ်၊ တပ်ကြပ် ကျော်ဇင်ထွန်း တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး စာရွက်စာတမ်းတွေ၊ ဖုန်း ၃ လုံးနဲ့ အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး အဲ့ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့က ဖြစ်ပွားခဲ့တဲ့ ကုန်စုံဆိုင်အတွင်းရှိသူ အားလုံးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြို့ခံတဦးက “ကားနဲ့ရောက်လာပြီး သေနတ်တွေနဲ့ချိန် ဖမ်းသွားတာ။ အဖမ်းခံရတာ စစ်သားတွေဆိုတာ နောက်မှသိရတာ။ အဖမ်းခံရတဲ့သူတွေမှာ ဘာလက်နက်မှတော့ ပါမလာဘူး။ ဆိုင်ကယ်နဲ့ ဈေးလာဝယ်တာ” လို့ DVB ကို ပြောပါတယ်။

Taw TWin Tup Pee Local PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလ ၉ ရက်ကလည်း စစ်ကိုင်းနဲ့ အုန်းတောကြား ဆပ်ကြေးကောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013