DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာပစ်မှတ်များကို အစ္စရေး လေကြောင်းတိုက်ခိုက်
DVB
·
March 13, 2024
ဟစ်ဇ်ဘိုလာပစ်မှတ်များကို အစ္စရေး လေကြောင်းတိုက်ခိုက်
Donate to DVB

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာတွေရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မတ် ၁၂ ရက် မနက်ပိုင်းက ပြောပြီးတဲ့နောက် အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်နားမှာ တိုက်လေယာဉ်တွေ ပျံသန်းနေတာကို မတ် ၁၂ ရက်က တွေ့ရပါတယ်။

အစ္စရေး စစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံထဲကို မနေ့က ဒုတိယမြောက်နေ့အဖြစ် ဝင်ရောက်ပြီး ဘက်ခါတောင်ကြားထဲက ဟစ်ဇ်ဘိုလာတွေရဲ့ အဆောက်အဦကို ပစ်ခတ်ခဲ့လို့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင် တဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်နိုင်ငံထဲက သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီနေ့ အစောပိုင်းက အစ္စရေးမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတိုက်လေယာဉ်တွေဟာ ဘားလ်ဘက်ခ်ဒေသထဲက ဟစ်ဇ်ဘိုလာ စစ်တပ်ကွပ်ကွဲရေးဌာနနှစ်ခုကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာတွေကလည်း ဂါဇာစစ်ပွဲနဲ့အပြိုင် ငါးလကျော်ကြာ စစ်ပွဲအတွင်း အကြီးဆုံး တရစပ်ပစ်ခတ်မှုတွေထဲက တရပ်အဖြစ် အစ္စရေးပစ်မှတ်တွေဆီ ဒုံးကျည်အစင်း ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အင်္ဂါနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013