DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် မိုးမောက် စစ်ရှောင်စခန်းမှ ပြည်သူများ ထပ်မံတိမ်းရှောင်နေရ
DVB
·
March 13, 2024
စစ်တပ်လက်နက်ကြီးကြောင့် မိုးမောက် စစ်ရှောင်စခန်းမှ ပြည်သူများ ထပ်မံတိမ်းရှောင်နေရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ ခလရ ၄၃၇ တပ်စခန်းကနေ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မိုးမောက်အထက်က ဒါဆိုင်းကျေးရွာဘက်ကို လက်နက်ကြီး ပစ်ကူပေး နေသလို အချိန်မတော် စခန်းပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီးတွေ ပစ်တာကြောင့် မိုးမောက် မြို့ပေါ် မိုးမောက် RC စစ်ရှောင်စခန်းနဲ့ ဧဒင် စစ်ရှောင်စခန်းတွေမှာ ကျရောက်ပေါက်ကွဲနေတယ် လို့ မြို့ခံတွေက ပြောပါတယ်။

မိုးမောက်မြို့ပေါ် RC စစ်ရှောင်စခန်းနဲ့ ဧဒင်စစ်ရှောင်စခန်းတွေမှာ မတ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်ပြည်သူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲမှာတော့ နေ့တိုင်း ကျနေတယ်၊ စစ်တပ်နဲ့နီးတဲ့ ပတ်ဝန်းကျင်တွေဆို အများကြီး ကျတယ်။ တခါပစ်ရင် သုံးလေးလုံး ကျတာရှိတယ်။ ဒီနေ့မနက်ဆိုလည်း မံပုံ RC ဘုရားကျောင်းမှာ ကျတယ်၊ မနေ့ကလည်း ဒီ ဧဒင်စခန်းမှာကျတယ်၊ လူထိခိုက်တာတော့ မရှိဘူး။ အဲလိုလာကျတော့ အများစုကတော့ စခန်းမှာ မနေရဲတော့လို့ တချို့က နေရပ်ပြန်သွားတာလည်း ရှိတယ်၊ နီးစပ်ရာ အိမ်တွေကို ရှောင်တာလည်း ရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိသလို မံပုံရပ်ကွက်နဲ့ ကြေးနန်းရပ်ကွက်တွေမှာလည်း လက်နက်ကြီး အများအပြား ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခလရ ၄၃၇ တပ်စခန်း တိုက်ခိုက်ခံရတိုင်း အခုလို စစ်ရှောင်စခန်းတွေနဲ့ ပြည်သူတွေ နေထိုင်တဲ့ လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အဲဒီ ၄၃၇ က သူတို့ ပစ်ခံရတိုင်း မြို့ဘက်ကို လူရှိတဲ့ဘက်ကို ပစ်ပြီ၊ စစ်ရှောင်စခန်းကို ကျတာလည်း အခုတကြိမ်တည်း မဟုတ်ဘူး၊ ဟိုအရင်တုန်းကလည်း အဲဒီအတိုင်းပဲ။ ရည်ရွယ်ချက်ရှိရှိကို ပစ်နေတာ၊ အဲဒီလိုကို ဖြစ်နေတယ်။ အခုတခေါက်တည်း မဟုတ်ဘူး၊ ခဏ ခဏပဲ။” 

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူတချို့ ဗန်းမော်မြို့ကို တိမ်းရှောင် နေထိုင်နေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ပေါ်က မံပုံ RC စစ်ရှောင်စခန်းနဲ့ ဧဒင်စစ်ရှောင်စခန်းတို့မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေ တိုက်ပွဲတွေကြောင့် ပြည်သူတွေ တိမ်းရှောင်နေထိုင်နေကြတာဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လုံခြုံမှုမရှိသေးတဲ့ နေရပ်ကို ပြန်ပြီးနေထိုင်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မတ် ၁၁ ရက် နေ့လယ်ပိုင်းကလည်း ဗန်းမော်မြို့ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နန်းအီကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး  တာလီကျေးရွာကနေ တိမ်းရှောင်နေတဲ့ ကျောင်းသူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဗန်းမော်အမြောက်တပ်က လှမ်းပစ်နေတာ။ အဲဒါ ကလေးမလေး သုံးဦး လက်နက်ကြီးကျည် မှန်ပြီး သေသွားတယ်။ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးလောက်လည်း ရှိတယ်။”

မိုးမောက်မြို့နယ်မှာ ဒါဆိုင်းစစ်ကောင်စီတပ်နဲ့ နွမ်လန့်စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေတပ်မတော်က ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်ပြီး လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013