DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အပူချိန် မြင့်တက်ပြီး ပြင်းထန်သည့် အယ်လ်နီညိုမုန်တိုင်း ဖြစ်လာမည်ဟု သတိပေး
DVB
·
June 3, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အပူချိန်ကို မြင့်တက်စေပြီး လာမဲ့လတွေအတွင်း ပြင်းထန်တဲ့ ရာသီဥတုအန္တရာယ်ကို တိုးမြင့် စေနိုင်မဲ့ ပြင်းထန်တဲ့ အယ်လ်နီညို မုန်တိုင်းတခု ဖြစ်လာမယ်လို့ ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီက ဇွန် ၂ ရက်မှာ ခန့်မှန်းချက် ထုတ်ပြန်လိုက်ပါတယ်။

အယ်လ်နီညို ရာသီဥတုပုံစံဟာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေ မျက်နှာပြင်အပူချိန် ပုံမှန်ထက် ပူနွေးလာခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ၉ လကနေ ၁၂ လအထိ ကြာမြင့် လေ့ ရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ဆိုထားပါတယ်။

ပူနွေးတဲ့ သမုဒ္ဒရာရေတွေက အယ်လ်နီညိုဖြစ်စဉ်ကို တွန်းအားပေးနေပြီး ဇွန်လကနေ သြဂုတ်လ အထိ ကမ္ဘာ့ဒေသအများစုမှာ အပူချိန်က ပျမ်းမျှထက် မြင့်မယ်လို့ WMO က ခန့်မှန်းထားပါတယ်။

အယ်လ်နီညိုက နိုဝင်ဘာလအထိ ဆက်ရှိနေနိုင်တယ်လို့လည်း WMO က ပြောပါတယ်။

အယ်လ်နီညိုရာသီဥတုက ဘယ်လောက်ထိ ပြင်းထန်မယ်ဆိုတာ မသေချာသေးပေမဲ့ အရာရှိတွေက အသင့်ပြင်ထားကြဖို့ လိုတယ်လို့လည်း သတိပေးထားပါတယ်။

အယ်လ်နီညို ရာသီဥတုပုံစံဟာ ဒေသတွင်း ရာသီဥတုတွေကို နှောင့်ယှက်တယ်လို့ လူသိများပြီး ကမ္ဘာတဝန်း အပူချိန်တွေ ပိုပူနွေးလာစေနိုင်ပါတယ်။

သမုဒ္ဒရာပူနွေးလာမှုဟာ ရေစီးကြောင်းတွေ၊ ရေအပူချိန်နဲ့ သားကောင်ဖြန့်ဖြူးမှုကို ပြောင်းလဲစေပြီး ရေနေ နို့တိုက်သတ္တဝါတွေကို အစာစားခြင်းနဲ့ အနားယူခြင်း လမ်းကြောင်းတွေ ပြောင်းဖို့ ဖိအားပေး နေပါတယ်။

တောင်အမေရိကနဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသတွေ၊ အာဖရိကဦးချိုဒေသနဲ့  အာရှ အလယ်ပိုင်းတို့မှာလည်း မိုးရွာသွန်းမှု တိုးမြင့်လာစေနိုင်ပါတယ်။

လောလောဆယ် ဩစတြေးလျ အရှေ့တောင်ပိုင်းတလျှောက် အဓိကအပူလှိုင်းကြောင့် တောမီး လောင်ကျွမ်းမှု အန္တရာယ်တွေ မြင့်တက်လာခဲ့ပြီး ကနဦး ရာသီဥတုဒေတာတွေအရ ဗစ်တိုးရီးယား ပြည်နယ်ရဲ့ မှတ်တမ်းတင် အပူဆုံးနေ့က ဇန်နဝါရီ ၂၇ ရက်မှာ စံချိန်တင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013