DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်၌ တိုက်ပွဲကြောင့် ပိတ်မိနေသည့်ပြည်သူများ စားနပ်ရိက္ခာ အကူအညီလိုအပ် 
DVB
·
March 12, 2024
ဝိုင်းမော်မြို့နယ်၌ တိုက်ပွဲကြောင့် ပိတ်မိနေသည့်ပြည်သူများ စားနပ်ရိက္ခာ အကူအညီလိုအပ် 
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ မတ်လ ၇ ရက်က စတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ထိုးစစ်ဆင် တိုက်ခိုက်နေလို့ အောင်မြေ ၂၊ ရွှေညောင်ပင်ကျေးရွာက ပြည်သူတွေ အောင်မြေ ၂ ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ပိတ်မိပြီး အစားအသောက်နဲ့ သောက်သုံးရေ အခက်အခဲတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဝိုင်းမော်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

အောင်မြေ ၂ မှာ ပိတ်မိနေတဲ့ ပြည်သူတွေဟာ မတ်လ ၈ ရက်က စစ်ကောင်စီတပ်သားတွေ ရွာထဲ အမှတ်မထင် ဝင်ရောက်လာပြီး ပြည်သူတွေကို ရွာကနေ ထွက်ခွာခွင့်မပေးဘဲ ရွာထဲ ပိတ်မိနေတာကြောင့် လက်ရှိအချိန် အစားအသောက်နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝိုင်းမော်ဒေသခံ ပြည်သူတဦးက ဆိုပါတယ်။

ပိတ်မိ‌နေတဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲအပြင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အောင်မြေ ၂ မှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်လာနိုင်ဖို့အတွက် ဝါးရှောင်ဆရာတွေ အပါအဝင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ သွားရောက်ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့လည်း မတ်လ ၁၁ ရက် ညနေပိုင်းမှာ အောင်မြေ ၁ နဲ့ အောင်မြေ ၂ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် သွားရောက်ကယ်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ပြည်သူတွေ ထွက်လာနိုင်ဖို့ အခက်အခဲ ဖြစ်နေသလို ပြည်သူတွေ ပြန်ထွက်လာနိုင်ဖို့ တိုက်ပွဲတွေ ငြိမ်သက်မှ ပြန်ထွက်လာနိုင်မယ်လို့ မျှော်လင့်ရကြောင်း ဝိုင်းမော် ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အောင်မြေ ၁ ဘက်ကို ဝင်ရောက်လာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေသလို အောင်မြေ ၁ နဲ့ အောင်မြေ ၂ ကြားမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် မ.ပ.ခ ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတွေ ပြုလုပ်တာကြောင့် ကျေးရွာတွေမှာ လက်နက်ကြီး အများအပြား ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ သိရပါတယ်။

အောင်မြေ ၁ ကျေးရွာမှာ နေအိမ်တွေစောင့်ဖို့ ကျန်နေခဲ့တဲ့ ပြည်သူတွေလည်း လေကြောင်းတိုက်ခိုက်မှုတွေ များပြားလာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ အောင်မြေ ၁ ဒေသခံတဦီးက ပြောပါတယ်။

အောင်မြေ ၂ မှာ ရွှေညောင်ပင်ကျေးရွာ အပါအဝင် အောင်မြေ ၂ က ပြည်သူ ၁,၀၀၀ ဝန်းကျင် ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အောင်မြေ ၁ မှာလည်း ကဇူး၊ ဒဘတ်၊ ဂါးရာယန်နဲ့ နမ်ဆန်ယန်ကျေးရွာက ပြည်သူတွေ တိမ်းရှောင်နေထိုင်နေရာကနေ အောင်မြေ ၁ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် မတ်လ ၈ ရက်က စတင်ပြီး ဝိုင်းမော်မြို့ဘက်ကို ရွှေ့ပြောင်းနေထိုင်နေတယ်လို့ နမ်ဆန်ယန်ကျေးရွာက ပြည်သူတဦးထံကနေ သိရပါတယ်။

အောင်မြေ ၂ မှာ မတ်လ ၈ ရက်ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက်ကြီး အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီးတဦးကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လန့်ဖျပ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဝိုင်းမော် အောင်မြေ ၁ နဲ့ အောင်မြေ ၂ ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ လေယာဉ်တစီးကို ကချင်လွတ်မြောက်ရေးတပ်မတော်က ပစ်ခတ်လိုက်တာ ထိမှန်သွားတာကြောင့် မြစ်ကြီးနား နမ့်ပေါက်လေတပ်ကို ဆင်းသက်တဲ့အချိန် ပျက်စီးသွားတယ်လို့ လေယာဉ်ကွင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတဦးဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်မှာ ဝိုင်းမော်မြို့နယ်အပြင် လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို မိုးမောက်မြို့အနီးက ဒါဆိုင် စစ်ကောင်စီတပ်စခန်းနဲ့ နွမ်လန် စစ်ကောင်စီတပ်စခန်းတွေကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မဘိမ်းမြို့နယ် ငအိုးကနေ ထွက်လာတဲ့ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၁၁ ရက် မနက် ၂ နာရီ ဝန်းကျင်ကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ KPDF တပ်ဖွဲ့ဝင်တဦးကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013