DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု ကျန်းမာရေးအရ စိုးရိမ်စရာ အဆင့်ရောက်လာ
DVB
·
March 12, 2024
ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု ကျန်းမာရေးအရ စိုးရိမ်စရာ အဆင့်ရောက်လာ
Donate to DVB

ချင်းမိုင်မြို့ အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ အခုသီတင်းပတ်အတွင်း  လေထုအရည်အသွေး အညွှန်းကိန်းတွေ မြင့်တက်လာနေပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့အထိ လေထုညစ်ညမ်းမှုနဲ့ ကြုံနေရပါတယ်။

ထိုင်းနိုင်ငံရဲ့ ခရိုင်စုစုပေါင်း ၇၇ ခုထဲက သုံးပုံနှစ်ပုံကျော်လောက်ဟာ မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းစေတဲ့ အမှုန်အမွှားတွေ အုံ့ဆိုင်းနေမှုမျိုး ကြုံနေရတာပါ။

မတ်လ ၇ ရက် မနက်ပိုင်းကစလို့ ထိုင်းနိုင်ငံအနှံ့က ခရိုင် ၅၄ ခုမှာ၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဧရိယာတွေထဲမှာ ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လောက်တဲ့ထိ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ချင်းမိုင်မြို့မှာ မတ်လ ၁၂ ရက် ထိုင်းစံတော်ချိန် မနက် ၁၀ နာရီခွဲအချိန်မှာဆိုရင် လေထုအရည်အသွေး အညွန်းကိန်းက AQI က ၁၆၆ (အနီရောက်အဆင့်) မှာ ရှိနေပါတယ်။

မနက် ၉ နာရီ ၄၄ အချိန်မှာတုန်းကတော့ လေထုအရည်အသွေး အညွန်းကိန်းက AQI ၂၀၄ (ခရမ်းရောင်အဆင့်)အဆိုးဝါးဆုံးထိ ရောက်ရှိခဲ့ပါသေးတယ်။ AQI ၁၀၀ ကျော်ရင် ကျန်းမာထိခိုက်စေနိုင်တဲ့အနေအထားဖြစ်တယ်လို့ အညွန်းကိန်းတွေအရ သိရပါတယ်။

ကမ္ဘာ့လေထုအရည်အသွေးအညွန်းကိန်းတွေအရ လေထုညစ်ညမ်းမှု အဆိုးဆုံး ၂၆၄ နဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ က အမြင့်ဆုံးဖြစ်ပြီး  ဒုတိယအဆိုးဆုံးက ၂၅၁ နဲ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကတော့ ကမ္ဘာ့ လေထုညစ်ညမ်းမှု  နံပါတ် ၆ မှာ ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က လေထု တစ်ကုဗမီတာမှာ PM2.5 အမှုန်အမွှား ၂၅ မိုက်ခရိုဂရမ်ထက် ပိုများရင် ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒီကနေ့ ချင်းမိုင်မှာတော့ WHO သတ်မှတ်ချက် PM 2.5 အမှုန်အမွှားရဲ့ ၁၇ ဆထိ ရှိနေပြီး ဒီအခြေအနေက နေ့စဉ် သွားလာလှုပ်ရှားနေကြရတဲ့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးဝါးလာစေတာလည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရကတော့ ပြည်သူတွေအနေနဲ့ မဖြစ်မနေ အပြင်ထွက်ဖို့ရှိလာရင်တော့ နှာခေါင်းစည်း လုံခြုံစွာ တပ်ပြီးမှ ထွက်ဖို့သတိပေးထုတ်ပြန်ထားပါတယ်။

ဝေဝေ / Photo-REUTERS/Chalinee Thirasupa

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013