DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကား ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး
DVB
·
March 12, 2024
မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကား ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့က ထွက်လာတဲ့ Toyota Kluger အမျိုးအစား အိမ်စီးကားကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ People's Liberation Army - PLA တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ် ၁၁ ရက် မနက် ၁၁ နာရီလောက်မှာ အိမ်စီးကားနဲ့ ကင်းပတ်နေတဲ့ လက်နက်အပြည့်အစုံပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုတင်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

PLA သတင်းပြန်ကြားရေးတာဝန်ခံက “ကြိုတင်စောင့်ဆိုင်းပြီး အငိုက်ဖမ်း ဝိုင်းပစ်ခတ်ခဲ့တာပါခင်ဗျာ။ ကားထဲမှာတော့ ဗိုလ်တယောက်ပါတယ် ပြောပါတယ်။ စုစုပေါင်း ၆ ယောက်ပါတာပါ။ ရှင်းလင်းပြီး ဒီတိုင်းထားခဲ့ပါတယ်။ လတ်တလော အဲ့နားမှာ စစ်ကောင်စီက စစ်ကြောင်းထိုး မွှေနှောက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်တွေသိမ်းဆည်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး အဲ့ဒီနေရာဝန်းကျင်ကို လုံခြုံရေးယူကာ သေဆုံးအလောင်းတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ စစ်အသုံးအဆောင်ပစ္စည်း MA1 တလက်၊ MA2 တလက်၊ MA3 တလက်၊ G3 တလက်၊ Type 81 တလက်၊ MA5 တလက်၊ 5.56 ကျည် ၉၆ တောင့်၊ 7.62 ကျည် ၈၄ တောင့်၊ G3 ကျည် ၁၃၅ တောင့်၊ MA ကျည်ဘောက် ၄ ဘောက်၊ G3 ကျည်ဘောက် ၆ ဘောက်၊ Type 81 ကျည်ဘောက် ၂ ဘောက်၊ MA5 ကျည်ဘောက်တဘောက်၊ ဖုန်း ၄ လုံး၊ ပါဝါဘန့်ခ်တလုံး၊ စကားပြောစက်တလုံး၊ ငွေကျပ် ၅,၀၀၀ တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို အမှတ် ၈၁၅ PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA) စုပေါင်းအင်အားနဲ့ မြင်းခြံ 35 တပ်ဖွဲ့၊ BGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Photo People's Liberation Army -PLA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013