DVB Logo
Home
မြန်မာသတင်း
မြဝတီရဲစခန်းလမ်းကို စစ်တပ်ကပိတ်ပြီး လုံခြုံရေးတင်းကျပ်၊ လျှပ်စစ်မီး ပြတ်တောက်နေ
DVB
·
March 12, 2024
မြဝတီရဲစခန်းလမ်းကို စစ်တပ်ကပိတ်ပြီး လုံခြုံရေးတင်းကျပ်၊ လျှပ်စစ်မီး ပြတ်တောက်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီက ရဲစခန်းလမ်းကို ပိတ်ထားပြီး လုံခြုံရေး တင်းကျပ်နေသလို လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ဝတီမြို့ထဲမှာရှိတဲ့ ရဲစခန်းအရှေ့လမ်းနဲ့ အနောက်လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး လုံခြုံရေးလည်း တင်းကျပ်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ မြဝတီဒေသခံတဦးက ပြောပါတယ်။

“အခုအ‌ခြေအနေက မြို့ထဲမှာ ပုံမှန်ပဲသွားနေတာ ဆိုပေမဲ့ အကုန်လုံး ကြောက်နေရတယ်။ ‌ရဲစခန်းအရှေ့လမ်းကော အနောက်လမ်းကော အရင် တခြမ်းဖွင့်ထားပေမဲ့ အခု အကုန်လုံး ပိတ်ချလိုက်ပြီ။ စစ်တပ်ဘက်က လုံခြုံရေးတင်းကျပ်ပြီး ခြေရှုပ်နေတာပဲ။ အခုကြားနေရတာ မြို့အဝင်အထွက်လမ်းတွေကို အချိန်အကန့်အသတ်နဲ့ပဲ ပေးဖြတ်မယ်၊ နယ်စပ်တံတားကို ပိတ်မယ်လို့ ကြားနေရတယ် ဆိုပေမဲ့ အမိန့်တော့ မထွက်သေးပါဘူး။”

မြဝတီမြို့ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံ ထိခိုက်မှုရှိပြီး မတ် ၁၁ ရက် ညနေတည်းက အခုအချိန်ထိ မီးပြတ်တောက်နေတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

“မနေ့ကတည်းက မီးသေသွားတာ၊ ခုထိပြန်မလာသေးဘူး။ သင်္ကန်းညီနောင် ဓာတ်အားပေးရုံ ထိသွားတယ်။ ဖျု့စ်ပြတ်သွားတယ်လို့လည်း ကြားတယ်။ နောက်ပြီး လက်နက်ကြီးထိဝာာ လို့လည်း ကြားတယ်။ ဘာပဲဖြစ်ဖြစ် အခုတိုက်ပွဲက ပြင်းထန်နေလို့ ပြင်ဖို့မလွယ်ဘူး ထင်တယ်။ အရင်ကလည်း မီးက တခါပြတ်ရင် ၆ လလောက်ကြာတာဆိုတော့ မီးချက်ချင်းပြန်လာမယ်လို့ မမျှော်လင့်ထားပါဘူး။”

သင်္ကန်းညီနောင်မြို့သစ် ပတ်ဝန်းကျင်နားမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ‌ ဖြစ်နေတာကြောင့် သင်္ကန်းညီနောင် မြို့သစ်ရှိ ပြည်သူ ၁,၀၀၀ ကျော် မြဝတီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

မြဝတီမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်ကာ ၇ လနီးပါးကြာ မီးပြတ်တောက်ခဲ့ပါတယ်။

Photo. B1

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013