DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅,၇၀၀ ကျော်သာရှိ
DVB
·
March 11, 2024
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅,၇၀၀ ကျော်သာရှိ
Donate to DVB

မွန်ပြည်နယ်မှာ ၂၀၂၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း (Grade 12) စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၅,၇၀၀ ကျော်သာရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ်မှာ ၂၀၂၃-၂၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၆,၁၅၀ ရှိပေမဲ့ ၅,၇၆၇ ဦးသာ ဝင်‌ရောက် ဖြေဆိုခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၃၀,၀၀၀ ကျော်ရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တ‌ဖြည်းဖြည်း လျော့ကျလာတယ်လို့ ပညာရေးနဲ့ နီးစပ်သူတဦး‌က ပြောပါတယ်။

“တိုက်ပွဲတွေကြောင့်လည်း ပါသလို တချို့ကလေးတွေက စစ်တပ်ကဖွင့်တဲ့ ကျောင်းဆိုပြီး မတက်ကြတာရှိတယ်။ ရွာဘက်က ကလေးအများစုကတော့ တိုက်ပွဲတွေကြောင့်ရယ် နောက်ပြီး စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် အခု ကျောင်းမတက်နိုင်တော့ဘူး။”

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေ‌ဆိုသူ ၁,၄၈၈ ဦးနဲ့ အများဆုံးဖြစ်ပြီး မုဒုံမြို့နယ်မှာ ၇၄၈ ဦး၊ သံဖြူဇရပ်မြို့မှာ ၆၂၅ ဦး၊ ကျိုက်ထိုမြို့မှာ ၄၆၁ ဦး၊ သထုံမြို့မှာ ၄၅၉ ဦး၊ ရေးမြို့မှာ ၄၅၃ ဦး၊ ချောင်းဆုံမြို့မှာ ၄၄၇ ဦး၊ ပေါင်မြို့မှာ ၄၃၀ ဦး၊ ဘီးလင်းမှာ ၃၉၃ ဦးနဲ့ ကျိုက်မရောမြို့နယ်မှာ ၃၀၃ ဦး ဖြေဆိုခဲ့ပါတယ်။

မြို့ထဲမှာရှိတဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေရဲ့ ပညာရေးအတွက် NUG အနေနဲ့ တခုခု စီစဉ်ပေးသင့်တယ်လို့ CDM ဆရာမတဦးက ပြောပါတယ်။

“မြို့ထဲမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ကျောင်းတွေမှာ တက်နေတဲ့သူတွေရှိသလို လွတ်မြောက်နယ်မြေတွေမှာ သက်ဆိုင်ရာ ဖက်ဒရယ်ကျောင်းတွေ တက်နေကြတဲ့သူ‌တွေ ရှိတယ်။ လက်ရှိ မြို့ထဲမှာ ပညာရေးတပိုင်းတစနဲ့ ကျောင်းမတက်တဲ့သူတွေအတွက် NUG အနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး တခုခုတော့ ဖန်တီးပေးသင့်တယ်လို့ ထင်တယ်။”

မွန်ပြည်နယ်မှာ ၂၀၂၁-၂၂ က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၁၁,၀၀၀ ကျော်ရှိပြီး ၂၀၂၂-၂၃ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅,၇၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013