DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ အမြောက်တပ်အနီးတွင် မီးလောင်၊ စစ်တပ်က အရပ်သားများကို ခေါ်ယူစစ်ဆေး
DVB
·
March 11, 2024
တနင်္သာရီ အမြောက်တပ်အနီးတွင် မီးလောင်၊ စစ်တပ်က အရပ်သားများကို ခေါ်ယူစစ်ဆေး
Donate to DVB

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှာ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းလောက်က မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ တောင်ကုန်းပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အရှေ့မော်တုန်းကျေးရွာက မြို့ဟောင်းကုန်းဘက်ရှိ စစ်ကောင်စီရဲ့ ၃၀၆ မော်တုန်း အမြောက်တပ်ရင်းအရှေ့မှာ တည်ရှိပြီးတော့ အရပ်သားပြည်သူတွေ မကြာခနဆိုသလို မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲပြီး ဒဏ်ရာရကာ သေဆုံးလေ့ရှိတဲ့ တောင်ကုန်းဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေပါ ရောက်လာခဲ့ပြီး အဆိုပါနေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှသာ မီးငြိမ်းသွားကာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

အနောက်မော်တုန်းရွာခံတဦးက “မီးက တအားပဲ လောင်နေတာ။ အဲ့တောင်ကုန်းမှာ မိုင်းတွေလည်း တအားပဲ မြှုပ်ထားတယ်။ မီးသတ်ကားတွေလည်း သွားနေကြတာပဲ။ ရွာသားတွေလည်း သွားမကူကြဘူး။ စစ်သားတွေဝင်လာတော့ ကြောက်ပြီး ထွက်ပြေးကြတာရှိတော့ စစ်သားတွေ သူတို့ဟာသူတို့ လုပ်လိုက်ကြတယ်” လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအမြောက်တပ်က တောင်ကုန်းအနီးတဝိုက်မှာ နေထိုင်တဲ့ ရွာခံပြည်သူတွေကို တပ်ရင်းထဲ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ရိုက်နှက်ဖမ်းဆီးတာတွေတော့ မရှိဘူးလို့ ဒေသခံက ပြောပါတယ်။

“ဘယ်ကနေ စလောင်တာလဲ ဆိုတာတွေလောက်ပဲ မေးမြန်းတာတဲ့။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ အဲဒီတောင်ကုန်းပေါ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားတဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရခဲ့သလို အခုနှစ် ဖေဖော်ဝါရီလအတွင်း အရပ်သားပြည်သူ ၂ ဦး မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး အသက်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013