DVB Logo
Home
မြန်မာသတင်း
မြဝတီ ဖလူးစခန်းကို KNLA  တိုက်ခိုက် သိမ်းပိုက်
DVB
·
March 11, 2024
မြဝတီ ဖလူးစခန်းကို KNLA  တိုက်ခိုက် သိမ်းပိုက်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက် ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကေအန်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဖလူးစခန်းသိမ်းတိုက်ပွဲကို ဒီနေ့ ညနေ ၄ နာရီလောက်မှာ KNLA ပူးပေါင်းအဖွဲ့က စတင်ခဲ့တာဖြစ်ပြီး  ဖလူးကြီးအနောက်ဘက် လက်နက်ကြီးကုန်းနဲ့ ဆွယ်တော်ကုန်းကိုလည်း  KNLA တပ်တွေက တပြိုင်တည်း စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြဝတီခရိုင်အတွင်း မတ်လ ၈ ရက်ကတည်းက တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး စစ်ဘေးရှောင်တွေဟာ မြဝတီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့  တခြားနေရာတွေမှာ ရောက်ရှိ ခိုလှုံနေကြတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်တွေဟာ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီဒေသရှိ ဒေါနတောင်တန်း တောတွင်းတွေမှာ ပုန်းခိုနေသူတွေရှိသသို အဆင့်ဆင့်ရှောင်တိမ်းပြီး အခုအချိန်ထိ ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖ၊ မယ်လမတ်၊ အုန်းဖန်၊ တာဆောင်ယမ်းမြို့တွေမှာ ရောက်ရှိခိုလှုံနေကြပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲရက်ကြာလာတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ  မတ်လ ၉ ရက်က ထိုင်းစစ်တပ်မှ လုံခြုံရေးတွေ တိုးမြှင့်တင်းကျပ်ချထားတယ်လို့ AEC ထိုင်းသတင်းမှာ ဖေါ်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013