DVB Logo
Home
နိုင်ငံတကာ
ဝေလမင်းသမီး မိသားစုဓာတ်ပုံ ပြုပြင်ထားသဖြင့် သတင်းဌာနအချို့ ပြန်လည်ဖယ်ရှား
DVB
·
March 11, 2024
ဝေလမင်းသမီး မိသားစုဓာတ်ပုံ ပြုပြင်ထားသဖြင့် သတင်းဌာနအချို့ ပြန်လည်ဖယ်ရှား
Donate to DVB

ဝေလမင်းသမီး ကက်သရင်းရဲ့ ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း ပထမဆုံးထုတ်ပြန်တဲ့ မိသားစုဓာတ်ပုံဟာ မူရင်းအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတယ်ဆိုတာ တွေ့ရှိတဲ့အတွက် သတင်းဌာနတွေက သူတို့ရဲ့ တည်းဖြတ်မှုဆိုင်ရာ စံချိန်စံညွှန်းနဲ့ မညီတဲ့အတွက် ပြန်လည်ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဇန်နဝါရီလအတွင်း ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ခဲ့ရပြီးနောက် လူမြင်ကွင်းက ပျောက်နေတဲ့ မင်းသမီးရဲ့ မိသားစုဓာတ်ပုံကို မတ်လ ၉ ရက်မှာ ကန်ဆင်တန်နန်းတော်က ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေနဲ့ အထိမ်းအမှတ်အဖြစ် ဆုတောင်းစကားနဲ့အတူ ဒီဓာတ်ပုံကို အများပြည်သူထံ ဖြန့်ဝေတာ ဖြစ်ပါတယ်။

သတင်းနဲ့ ဓာတ်ပုံအေဂျင်စီတွေဖြစ်တဲ့ ဂတ်တီ၊ ရိုက်တာ၊ အေပီနဲ့ အေအက်ဖ်ပီတို့ဟာ အဲဒီနေ့ ညနေမှာပဲ ဓာတ်ပုံတွေကို ပြန်ရုပ်သိမ်းတယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

နန်းတော်ကဖြန့်ပေးတဲ့ ဓာတ်ပုံမှာ ကိတ်ရဲ့သမီးဖြစ်သူ မင်းသမီးလေး ရှားလော့တ်ရဲ့ ညာဘက်လက်နေရာမှာ ရင်ကွဲသိုး‌မွေးအင်္ကျီ ညာဘက်လက်နေရာဟာ မညီမညာ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဂျာနယ်လစ်ဇင် ကျင့်ဝတ်တွေအရ သတင်းဓာတ်ပုံတွေကို လိုအပ်ချက်အရ အရွယ်အစားနဲ့ အလင်းအမှောင် အနည်းငယ်ပြင်တာမျိုးကလွဲလို့ မူရင်းနဲ့ကွဲလွဲအောင် ပြင်ဆင်ခွင့် မရှိပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013