DVB Logo
Home
နိုင်ငံတကာ
အလံဖြူထောင်ခိုင်းသည့် ပုပ်ရဟန်းမင်းကြီးကို ယူကရိန်း ပြင်းပြင်းထန်ထန် တုံ့ပြန်
DVB
·
March 11, 2024
အလံဖြူထောင်ခိုင်းသည့် ပုပ်ရဟန်းမင်းကြီးကို ယူကရိန်း ပြင်းပြင်းထန်ထန် တုံ့ပြန်
Donate to DVB

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ယူကရိန်းဟာ အလံဖြူထောင်ရဲတဲ့သတ္တိ ရှိရမယ်လို့ ပြောကြားခဲ့အပြီးမှာ “ကျုပ်တို့အလံဟာ အဝါနဲ့ အပြာသာဖြစ်တယ်” လို့ ယူကရိန်းဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပုပ်ရဟန်းမင်းနာမည်ကို တိုက်ရိုက်မသုံးဘဲ ကီလိုမီတာ ၂,၅၀၀ လောက် မဝေးတဲ့ နေရာကနေပြီး ရှင်သန်ချင်တဲ့သူနဲ့ ဖျက်ဆီးချင်တဲ့သူအကြား အဝေးရောက်ညှိနှိုင်းမှု လုပ်ချင်နေတာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာကတော့ “ကျနော်တို့အလံက အဝါနဲ့ အပြာပါ။ ဒီအလံနဲ့ပဲ ကျနော်တို့ ရှင်သန်မယ်၊ သေဆုံးမယ်၊ အောင်နိုင်ရမယ်။ ကျနော်တို့ တခြားအလံတွေ ဘယ်တော့မှ မလွှင့်ဘူး” လို့ X လူမှုကွန်ရက်မှာ ရေးသားတုံ့ပြန်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ပုပ်ရဟန်းမင်းကြီး ပိုင်းယပ်စ်ဟာ ဂျာမနီ နာဇီတွေကို ဟန့်တားဖို့ ပျက်ကွက်သလိုမျိုး အခု ပုပ်ရဟန်းမင်းလည်း မဖြစ်စေချင်ဘူးလို့ ကူလီဘာက ထောက်ပြခဲ့ပါတယ်။

“အလံဖြူနဲ့ပတ်သက်လာရင် ဗာတီကန်ရဲ့ မဟာဗျူဟာက ၂၀ ရာစု ပထမပိုင်းက ပုံစံမျိုးဆိုတာလည်း ကျနော်တို့သိပါတယ်။ အတိတ်က အမှားတွေကို ထပ်တလဲလဲမလုပ်ဘဲ ရှောင်ရှားဖို့၊ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေရဲ့ သူတို့ဘဝတွေအတွက် ရုန်းကန်နေကြတာကို ပံ့ပိုးဖို့ ကျနော်တိုက်တွန်းချင်ပါတယ်” လို့လည်း တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းမှာ ကိုးကွယ်သူ ၅ သန်းရှိတဲ့ အရှေ့ပိုင်း ကက်သလစ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးကလည်း “ယူကရိန်းဟာ ဒဏ်ရာရထားပေမဲ့ မကျရှုံးသေးဘူး။ မောပန်းနေပေမဲ့ မတ်မတ်ရပ်နိုင်တုန်းပဲ” လို့ တုံ့ပြန်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013