DVB Logo
Home
မြန်မာသတင်း
အမရပူရတွင် ဆီဆိုင် မီးလောင်ပြီး လူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
March 11, 2024
အမရပူရတွင် ဆီဆိုင် မီးလောင်ပြီး လူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမရှိ အာရှစွမ်းအင်ဆီဆိုင်မှာ မတ် ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိကာ ဆီသယ်ယာဥ် ၂ စီး ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်က ပြောပါတယ်။

မီးလောင်မှုဟာ ဆီဆိုင်ကို ဆီလာပို့တဲ့ ဂါလန် ၉၃၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ကနေ ဆီသိုလှောင်ကန်ကို ဖြည့်သွင်းနေရင်း မီးပွားစင်ကာ ဆီဆိုင်အဆောက်အဦကိုပါ မီးကူးစက်ရာမှ ဘေးနားက ဆီသယ်ယာဉ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ 

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “စစချင်း Level 1၊ အဲ့ကနေ Level 2 ဆင့်ခေါ်ငြှိမ်းသတ်တာပါ။ စလောင်တာက ဆီဘောက်ဆာကနေ ဆီချရင်း လောင်တာ။ သိုလှောင်ကန်ဘက်က အဆောက်အဦ ခေါင်မိုးအထိ မီးကူးတယ်။ ဘေးက နောက်တစီးကိုပါ ဆက်လောင်သွားတာ။ သေဆုံး အမျိုးသား ၁ ဦး၊ ဒဏ်ရာရ ၁ ဦး ရှိတယ်။ ကျန်တဲ့အသေးစိတ်က စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။

မီးလောင်မှုအတွင်း ဆီဆိုင်မှာ ရှိနေတဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး မီးသတ်ယာဉ်ပေါ်က ပြုတ်ကျတဲ့ အသက် ၂၀ ကျော်အရွယ် မီးငြှိမ်းသတ်ရေးအဖွဲ့ဝင် ၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ 

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “မြစ်ငယ်လမ်း ကျောက်စိမ်းဘုရားနားက အာရှစွမ်းအင် ဆီဆိုင်မှာ။ ကား ၂ စီး ပါသွားတယ်။ တိုင်းမီးသတ်က Level 2 လောက်အထိ ခေါ်တယ်။ ဖိုက်တာယာဉ်ပေါ်က ပြုတ်ကျတဲ့ မီးသတ် ၁ ဦးတော့ အစိမ်းရောင် (မစိုးရလူနာ) ပါ” လို့ ပြောပါတယ်။

မီးလောင်မှုနေရာကို အမရပူရမီးသတ်နဲ့ ထိစပ်မြို့နယ်တို့က Level 1၊ Level 2 အဆင့် မီးငြှိမ်းသတ်ရေးယာဥ်၊ တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို အမရပူရမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး Level 2 အဆင့် မီးငြှိမ်းသတ်ရေးအဖွဲ့တွေ လာရောက်ငြှိမ်းသတ်ခဲ့လို့ ညနေ ၆ နာရီ မိနစ်‌ ၂၀ လောက်မှာ မီးငြိမ်းသွားပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက် ညနေ ၃ နာရီ ၅၈ မိနစ်ကလည်း  ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်း × ၄၉ လမ်း မနော်ဟရီလမ်းရှိ လိုတရဆီဆိုင်မှာ Level 1 အဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ၃ စီးနဲ့ Lexus LX 570 အိမ်စီးကား ၁ စီး ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ - မန္တလေးတိုင်းမီးသတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013