DVB Logo
Home
Lead Story
အမရပူရတွင် မြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၅ လုံး ပြိုကျ၊ နေအိမ်အချို့ အရေးပေါ်ပြောင်းရွှေ့
DVB
·
October 1, 2026
Photo: MFSD
Photo: MFSD
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒုဌဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၅ လုံး ပြိုကျခဲ့ကာ နေအိမ် ၇ လုံးကိုလည်း အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒုဌဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျခဲ့ပြီး မြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ပြိုကျခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတယောက်က “မိုးကလည်း အရမ်းရွာတော့ မြစ်ရေတက်ပြီး ကမ်းပါးပြိုကျတာပါ။ အိမ်တွေက မြစ်ကမ်းနားမှာဆိုတော့ အန္တရာယ်ရှိလို့ ရွှေ့ပြောင်းနေကြရပါတယ်” လို့ ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကမ်းပြိုကျမှု ဖြစ်နေတဲ့နေရာအနီးရှိ နေအိမ် ၇ လုံးကိုလည်း ကမ်းပြိုဘေးအန္တရာယ်ကင်းတဲ့ နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတယောက်က “ပြိုကျတဲ့အိမ်တွေက လူတွေ ရှောင်နေလို့ လူတွေက အန္တရာယ်ကင်းပါတယ်။ ကမ်းပါးပြိုကျတာကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပါ။ မပြောင်းရင် အကုန်အန္တရာယ်ရှိမဲ့ အခြေအနေမို့ အမြန်ပြောင်းရတာ” လို့ ပြောပါတယ်။

ကမ်းပါးပြိုကျမှုကို အမရပူရမြို့နယ် မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေ မီးသတ်စခန်း၊ တောင်သမန် အရန်မီးသတ်စခန်း၊ ရွှေကြက်ယက် အရန်မီးသတ်စခန်းနဲ့ ဖျောက်ဆိတ်ကုန်း အရန်မီးသတ်စခန်းတို့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြစ်ကမ်းပါး ဆက်လက်ပြိုကျနိုင်တာကြောင့် ကမ်းနားပိုင်းမှာ နေထိုင်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013