DVB Logo
Home
မြန်မာသတင်း
အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာထဲက နေအိမ်များကို ဖယ်ရှားပေးရန် အမိန့်ထုတ်
DVB
·
July 30, 2026
Photo: Google Map
Photo: Google Map
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲမှာ ဆောင်ရွက်မဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထား ဧရိယာထဲက ကိုင်းမြေတွေထဲ ဆောက်လုပ်ထားတဲ့ လူနေအိမ်တွေနဲ့ အဆောက်အအုံတွေကို ဩဂုတ် ၁၄ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့ စစ်အာဏာရှင် လက်အောက်ခံ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဇူလိုင် ၂၇ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

အခု ဖယ်ရှားခိုင်းတဲ့ နေရာတွေဟာ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုထဲ ပါဝင်တဲ့ ကွင်းအမှတ် ၆၀၃ မှာဖြစ်ပြီး ဦးမြင့်ဆွေ၊ ဦးသိန်းဌေး၊ ဦးသာဟန်၊ ဦးကျော်စွာဝင်း၊ ဒေါ်လှရင်၊ ဒေါ်လှလှဝင်းတို့ရဲ့ ပုံစံ (၇) အမည်ပေါက်မြေနေရာတွေလို့ သိရပါတယ်။

အဲဒီ ဧရိယာထဲမှာ ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက် ရောင်းချထားတဲ့ မြေကွက် ၅၄ ကွက်တွေ့ရပြီး ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်တာ၊ ဝင်းခြံကာရံတာ၊ လမ်းခင်းတာ၊ အဆောက်အအုံ ဆောက်လုပ်တာတွေ တွေ့ရတဲ့အတွက် ဖယ်ရှားပေးဖို့ ညွှန်ကြားထားတာပါ။

မန္တလေးမြို့ခံတယောက်က “တချို့ဟာတွေက ကျူးတော့မဟုတ်ဘူး။ အနှစ်  ၂၀၊ ၃၀ လောက်ရှိပြီ။ သူတို့ နေလာကြတာတွေက" လို့ DVB ကို ပြောပါတယ်။

အဲဒီနေရာက အဆောက်အအုံတွေကို ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၅ ရက်တုန်းကလည်း အလားတူ အမိန့်ထုတ်ပြန်ခဲ့ပြီး ဇွန် ၁၉ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ ညွှန်ကြားခဲ့ပေမဲ့ ဖယ်ရှား မပေးသေးတာကြောင့် အခုလို အမိန့်ထပ်ပြီး ထုတ်ပြန်တာလို့ သိရပါတယ်။

ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာတရားရုံးမှာ တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့ တရားစွဲဆိုသွားမယ်လို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထား ပါတယ်။

ညွှန်ကြားချက်ပါ အမှတ် (၆၀၃) ဟာ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ဝင်းခြံခတ်၊ အကွက်ရိုက် ရောင်းချခဲ့တာတွေ့ရှိရတယ်လို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထား ပါတယ်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဧရိယာမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅-က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်းက ကိုင်းမြေ ဧက ၄၀၅ ဧကကျော်ကို စိုက်ပျိုးလုပ်ပိုင်ခွင့် ပယ်ဖျက် ရုပ်သိမ်းထားပြီးဖြစ်လို့ ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ဇူလိုင် ၆ ရက် နောက်ဆုံးထားပြီး လျော်ကြေးလာယူဖို့ အသိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013