DVB Logo
Home
မြန်မာသတင်း
စစ်တွေက Non-CDM မီးသတ်တပ်ကြပ်ကြီး တရားစွဲခံရ၊ စစ်ရှောင်စခန်းတာဝန်ခံ နှိပ်စက်ခံရပြီး သေဆုံး
DVB
·
August 27, 2026
Photo: APM 
Photo: APM 
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က Non -CDM မီးသတ်တပ်ကြပ်ကြီးတယောက်ကို စစ်အာဏာရှင် တပ်က ဖမ်းဆီးပြီး ပုဒ်မနဲ့ ၂ ခုနဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူဟာ စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်ပိုင်အမှတ် မ/မ-၂၀၁၅၀၊ မီးသတ်တပ်ကြပ်ကြီး ဦးဆန်းဦး၊ အသက် ၅၂ နှစ် ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ဇာတိဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဦးဆန်းဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

မီးသတ်တပ်ကြပ်ကြီးကို ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်က စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက တရားလို လုပ်ပြီး စစ်တွေမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တယ်လို့ စစ်တွေမြို့ခံအမျိုးသား တယောက်က ပြောပါတယ်။

“သူက ရခိုင်လူမျိုးပါ။ သူ့ကို ဇူလိုင်လအတွင်း စရဖ က ဖမ်းသွားတာ။ ဒီလဩဂုတ် ၂၃ ရက်နေ့က ရုံးတင်စစ်ဆေးပြီး ပုဒ်မ နှစ်ခုနဲ့ တရားစွဲဆိုလိုက်တယ်။ မိသားစုဝင်တွေကတော့ စိတ်မကောင်း ဖြစ်နေကြတယ်။” 

စစ်အာဏာရှင်တပ်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေက ရခိုင် ဒေသခံတွေသာမက ရခိုင်လူမျိုး ဌာနဆိုင်ရာဝန်ထမ်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးနေတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

"ဆားပြင်ကွင်းရပ်ကွက်က ယောက်ျားတချို့ဆို မကြာမကြာအဖမ်းခံရတယ်။ ရပ်ကွက်ထဲကို ဝင်ပြီး စစ်ဆေးတယ်။ပြီးရင် အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းတယ် ထောင်ချတယ်။" 

မီးသတ်ဌာနက တပ်ကြပ်ကြီး ဦးဆန်းဦးကို စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့၊ စရဖက ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ဖမ်းဆီးပြီး ဩဂုတ် ၂၃ ရက်နေ့မှာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပုဒ်မ ၂ ခုနဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် ငွေဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ထက် မနည်း ကျခံရနိုင်တယ်လို့သိရပါတယ်။

အလားတူကုန်ခဲ့တဲ့ ဇူလိူင် ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူကျေးရွာက စစ်ရှောင်လည်းဖြစ် ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံလည်းဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးသာဟန်ကို စစ်ရှောင်စခန်းမှာ ဖမ်းဆီးခဲ့ပါတယ်။

မြို့ခံအမျိုးသားတယောက်က "သူ့ကို ဖမ်းယူသွားတယ်။ မိသားစုနဲ့လည်း မတွေ့ရ၊ စစ်ကြောရေးမှာ ထားတယ်။ အခုတော့ သေဆုံးပြီးသားအလောင်းကို သူနေမကောင်းဆိုပြီး ဆေးရုံလာပို့တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးပြီးနောက် စစ်တွေအမှတ် ၁ ရဲစခန်းကနေ စရဖကို ခေါ်သွားပြီး စစ်ကြောရေးမှာ နှိက်စပ်ခံရလို့ ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ သြဂုတ် ၂၅ ရက်မှာတော့ စစ်တွေဆေးရုံးကို ပို့ဆောင် ခဲ့ပေမဲ့ သေဆုံးပြီးသားဖြစ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ စစ်တွေမှာ ရခိုင်လူမျိုးနဲ့ မွတ်ဆလင်လူမျိုးတွေကို ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်တိုက်တရားစွဲဆိုနေသလို အချို့လည်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013