DVB Logo
Home
နိုင်ငံတကာ
လက်ဝဲ လက်ယာ အင်အားပြိုင်နေသည့် ပေါ်တူဂီလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ
DVB
·
March 10, 2024
လက်ဝဲ လက်ယာ အင်အားပြိုင်နေသည့် ပေါ်တူဂီလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ
Donate to DVB

ပေါ်တူဂီ လွှတ်တော်ရွေးကောက်ပွဲတွေကို မတ် ၁၀ ရက်မှာ ကျင်းပနေပြီး မဲဆန္ဒရှင်တွေအနေနဲ့ ဗဟိုလက်ဝဲယိမ်းအစိုးရကို ဆက်ထားမလား၊ ဗဟိုလက်ယာယိမ်းအစိုးရကို ပြန်တင်မလားဆိုတဲ့ ရွေးချယ်မှုတရပ် ပြုလုပ်ရမှာဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ 

အနောက်ဥရောပမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ပေါ်တူဂီမှာ အိမ်ငှားခစျေးတွေ မြင့်တက်လာတာ၊ လစနည်းတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတာ၊ အဂတိလိုက်စားတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒါကြောင့်လည်း နိုင်ငံရေးပင်မရေစီးကြောင်းက ပါတီကြီးတွေ အားနည်းလားပြီး အစွန်းရောက်တဲ့ အမြင်ရှိတဲ့ ပါတီတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် အန်တိုနီယိုကော်စတာ ရုတ်တရက် နုတ်ထွက်သွားခဲ့အပြီး ၄ လအကြာမှာ အခု ရွေးကောက်ပွဲကို အချိန်စော ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခုကျော်က အာဏာရှင်စနစ် အဆုံးသတ်သွားပြီးကတည်းက တလှည့်စီ အာဏာရခဲ့တဲ့ အဓိကပါတီကြီးနှစ်ခုဟာ ဒီတကြိမ်မှာတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ အဓိက ရုန်းကန်ရမှာ ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ 

ဗဟိုလက်ဝဲယိမ်းဝါဒီ အာဏာရ ဆိုရှယ်လစ်ပါတီ (PS) ဟာ မဟာမိတ်ဟောင်း လက်ဝဲအုပ်စုတွေ၊ ကွန်မြူနစ်တွေနဲ့ ပူးပေါင်းပြီး ညွန်ပေါင်းဖွဲ့ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

လက်ယာယိမ်းပါတီတွေ စုထားတဲ့ ဒီမိုကရက်တစ်တပ်ပေါင်းစု (AD) ကတော့ စစ်တမ်းတွေအရ မဲအများဆုံးရနိုင်ပေမဲ့  လက်ယာအစွန်းရောက် ချီဂါပါတီနဲ့ မပူးပေါင်းရင် အစိုးရဖွဲ့နိုင်ဖို့ မလွယ်ဘူးဖြစ်နေပါတယ်။  

AD အုပ်စု ဦးဆောင်သူ လူးဝစ်မွန်တီနီဂရိုးကတော့  လူပြိန်းကြိုက် အစွန်းရောက်တွေနဲ့ ပေါင်းဖို့ မရှိဘူးလို့ ပြောထားပါတယ်။

Source/Photo-REUTERS/Pedro Nunes

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013