DVB Logo
Home
မြန်မာသတင်း
ဓနုဖြူ၌ ၁ လအတွင်း ဒေသခံ ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
March 10, 2024
ဓနုဖြူ၌ ၁ လအတွင်း ဒေသခံ ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မှာ ပြီးခဲ့တဲ့ ၁ လ အတွင်း NUG၊ PDF စတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး အရပ်သား ၁၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ၂၉ ရက်အထိ ၁ လအတွင်း ဒေသခံ အရပ်သား အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁၄ ယောက် အားလုံး ၁၇ ယောက်ကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းဆီးခံရသူအများစုက လူငယ်အမျိုးသားတွေချည်းပဲ။ သာမန် ရိုးရိုးလုပ်ကိုင် စားသောက်နေတဲ့ အရပ်သားတွေကို စွပ်စွဲဖမ်းတာ။ အမျိုးသမီးတွေလည်း ပါတယ်။ အခုအထိ အမှုဖွင့်မထားရသေးဘူးလို့ သိရတယ်။ မိသားစုတွေကတော့ ဥပဒေနဲ့အညီ ဖြစ်စေဖို့ ကြိုးစားနေတယ်” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဟာ လယ်ယာ၊ ဆိုင်ကယ်ကယ်ရီ၊ ဈေးရောင်း၊ အွန်လိုင်းရှော့ပင် စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ ရက်ဆက်ဆိုသလို ၃ ရက်လောက် ဆက်တိုက်ဖမ်းသွားတာ။ အနုကြမ်းစီးတဲ့အတိုင်းပဲ၊ ဘယ်သူက လက်ထောက်ချလို့ အရပ်သားတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းတာလည်း မသိဘူး။ အဆက်သွယ်တော့ရတယ်။ တွေ့ခွင့်တော့မရသေးဘူး” လို့ ဓနုဖြူဒေသခံတယောက်က ပြောပါတယ်။

အဖမ်းခံရသူ ဒေသခံ အရပ်သား ၁၇ ယောက်မှာ အသက် ၁၆ နှစ်ကျော် လူငယ် ၆ ယောက်၊ အသက် ၂၀ ကျော်အရွယ် လူငယ် ၈ ယောက်၊ အသက် ၃၀ ဝန်းကျင် ၃ ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူငယ်တွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေးစာရင်း ယူတင်ပြနေတာဟာ စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိက ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013