DVB Logo
Home
မြန်မာသတင်း
ဓနုဖြူတွင် ပြည်သူ့စစ် ထောက်ပံ့ငွေနှင့် စိုက်ပျိုးစရိတ်ဖြတ်စားသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ
DVB
·
May 28, 2026
Photo: Kyaw Tun
Photo: Kyaw Tun
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ ပြည်သူ့စစ်စရိတ် ထောက်ပံ့ငွေနဲ့ အရပ်သားတောင်သူတွေရဲ့ ငွေတွေ ဖြတ်စားတဲ့ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတယောက်ကို ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓနုဖြူမြို့နယ်၊ အကျော်တိုက်နယ်၊ ဗျင်းနောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကာလေးကို ရပ်ရွာလုံခြုံရေး တာဝန်ယူပေးနေတဲ့ ပြည်သူ့စစ်တွေအတွက် ထောက်ပံ့ပေးတဲ့ငွေတွေ၊ တောင်သူတွေက စိုက်ဘဏ်ကို ပြန်ဆပ်ခိုင်းတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ အလွဲသုံးစားလုပ်မှုနဲ့ မေ ၂၅ ရက်က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘဏ်ချေးငွေတွေ ပြန်ဆပ်ဖို့ မြို့နယ်ထွေအုပ်ရုံးက ဆက်သွယ်တာ ရှောင်နေတဲ့ကိစ္စ၊ ပြည်သူ့စစ် ထောက်ပံ့ငွေ ဖြတ်သုံးတဲ့ ကိစ္စတွေနဲ့ အဖမ်းခံရတာ။ ငွေတော်တော်များတယ်။ ဘယ်လောက်တောင်ဆိုတာ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာလေးကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ပူးပေါင်းပြီး နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်မှာထားရှိ စစ်ဆေးနေတယ် ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ကျေးရွာဒေသခံ အရပ်သားတယောက်က “ပထမ အရပ်သားတွေရဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ သုံးထားတာကို တိုင်ပေမဲ့ တိတ်တဆိတ်လုပ်နေတာ။ ပြည်သူ့စစ်ငွေနဲ့ တခြား အခွန်အခငွေတွေ သုံးတဲ့အကြောင်း စစ်ဆေးပေါ်ပေါက်လို့ ပြန်ဖမ်းခဲ့တာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာလေးဟာ မြို့နယ်အဆင့် ထွေအုပ်ရုံးက အဖမ်းမခံရမီ ၅ ကြိမ်ထက်မနည်း ဆင့်ခေါ်တာ၊ ဖုန်းဆက်တာ၊ မက်ဆေ့ခ်ျပို့ ဆက်သွယ်တာတွေ လုပ်ပေမဲ့ ပြန်အဆက်အသွယ် မလုပ်တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာလေးဟာ အရပ်သားတွေဆီကနေ လစဉ် စစ်မှုထမ်း ထောက်ပံ့ကြေး ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ကောက်ယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013