DVB Logo
Home
မြန်မာသတင်း
PNA တပ် ဒရုန်းဝယ်ရန် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်အုပ်စုတွင် ငွေကောက်ခံနေ
DVB
·
March 10, 2024
PNA တပ် ဒရုန်းဝယ်ရန် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်အုပ်စုတွင် ငွေကောက်ခံနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စုမှာ ပအိုဝ်းပြည်သူ့စစ် PNA တပ်က ဒရုန်းဝယ်ယူဖို့အတွက်ဆိုပြီး ပြည်သူတွေဆီက ငွေကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလကစလို့ ကောက်ခံနေတာဖြစ်ပြီး မတ် ၁၂ ရက်မှာနောက်ဆုံးထားပေးသွင်းဖို့ PNA တပ်က ညွှန်ကြားထားတဲ့အတွက် ကျေးရွာနေပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

ကားကြီးတွေ၊ လယ်ယာသုံးစက်ကြီးတွေရှိတဲ့အိမ်ကို တအိမ် ၂ သိန်းကျပ်၊ ကားငယ်နဲ့ ထော်လာဂျီရှိတဲ့အိမ်ကို တအိမ် ၁ သိန်းကျပ်နဲ့ ကားမရှိတဲ့အိမ်တွေကိုတော့ တအိမ် ၅ သောင်း ကျပ်ထည့်ဝင်ဖို့ အမိန့်ပေးထားပါတယ်။

လွယ်မွန်းရွာခံတယောက်က “အရင်လက အစည်းအဝေးလုပ်တယ်။ အဲဒါ စစ်သားတွေက ပိုက်ဆံထည့်ပေးဖို့ ပြောတာ။ ရွာသူကြီးကလည်း သူတို့ကို ဘယ်လိုမှ လွန်ဆန်လို့မရဘူး၊ သူကိုယ်တိုင်လည်း ထည့်ရတယ်။ ဘန်းယဉ်ထဲက ရွာအကုန် ထည့်ရတယ်။ သူတို့က စာနဲ့ အရင်ပို့လာတာ။ ပြီးကျမှ ပိုက်ဆံကောက်ဖို့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ စစ်ရေးဘက်က လူတွေကဆင်းပြီး ဘယ်နေ့နောက်ဆုံးထားပြီးထည့်ဖို့လာပြောတယ်” လို့ ပြောပါတယ်။

ကောက်ခံထားတဲ့ငွေကြေးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တာဝန်ယူထားရပြီး ပိုက်ဆံမထည့်တဲ့ အိမ်တွေကိုလည်း စာရင်းလုပ်ခိုင်းထားသလို ခေါ်ယူမေးမြန်းသွားမယ်လို့ PNA တပ်က ရွာသားတွေကို ပြောဆိုထားပါတယ်။

တခြားကျေးရွာအုပ်စုတွေမှာလည်း စစ်အသုံးစရိတ်အတွက်၊ သေနတ်နဲ့ ကျည်ဖိုး စတဲ့ ခေါင်းစဉ်တွေနဲ့ ငွေကြေးကောက်ခံတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PNA တပ်ဟာ ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း ကျေးရွာအုပ်စု ၁၃ ခုထဲက စစ်ဘေး မတိမ်းရှောင်ရတဲ့ ရွာတွေကို စစ်အသုံးစရိတ်အတွက် ရွာသားတွေဆီက ငွေကြေးအတင်းအဓမ္မ လိုက်ကောက်နေပြီး ပိုက်ဆံမထည့်တဲ့အိမ်တွေကိုလည်း နေအိမ်ချိပ်ပိတ်တာ၊ ဖမ်းဆီး ခေါ်ဆောင်သွားတာ၊ စစ်မှုထမ်းခိုင်းတာတွေအထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013