DVB Logo
Home
နိုင်ငံတကာ
အိုင်ယာလန်အခြေခံဥပဒေပါ ကျား၊ မ ခွဲခြားဆက်ဆံရာရောက်သည့် ပြဋ္ဌာန်းချက် ပယ်ဖျက်ရန်  လူထုဆန္ဒ ခံယူ
DVB
·
March 10, 2024
အိုင်ယာလန်အခြေခံဥပဒေပါ ကျား၊ မ ခွဲခြားဆက်ဆံရာရောက်သည့် ပြဋ္ဌာန်းချက် ပယ်ဖျက်ရန်  လူထုဆန္ဒ ခံယူ
Donate to DVB

သက်တမ်း ၈၇ နှစ်ရှိပြီဖြစ်တဲ့ အိုင်ယာလန်နိုင်ငံရဲ့ အခြေခံဥပဒေမှာပါတဲ့ “မိခင်တို့၏ အိမ်ထောင် တာဝန်” စာသားပါ  ပုဒ်မဟာ ခေတ်နဲ့မလျော်ညီတော့ဘဲ ကျား၊ မ လိင်ခွဲခြား ဆက်ဆံရာရောက်တဲ့အတွက် ပယ်ဖျက်ဖို့ သင့်၊ မသင့် မတ် ၈ ရက်မှာ လူထုဆန္ဒခံယူခဲ့ပါတယ်။

မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နဲ့ အချိန်ကိုက်ပြုလုပ်တဲ့ ဆန္ဒခံယူပွဲမှာ ပြင်ဆင်ချက်နှစ်ချက်ကို မဲပေးရတာ ဖြစ်ပါတယ်။ 

ပထမဆုံး မဲပေးရတာက  “မိသားစုတစုကို ထူထောင်ရမှာ”  လက်ထပ်ထိမ်းမြားမှုဆိုတာ အခြေခံ ဖြစ်တယ်ဆိုတဲ့ စာသားအစား၊ “လက်ထပ်ထိမ်းမြားမှု ဒါမှမဟုတ် အဓွန့်ရှည်တည်တံ့တဲ့ ဆက်ဆံရေးက အခြေခံဖြစ်တယ်လို့ ဖြည့်စွက်ဖို့ သင့်၊ မသင့် မဲပေးရတာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ “စီးပွားရေးအရ လိုအပ်ချက်အဖြစ် မိခင်တွေအနေနဲ့ သူတို့ရဲ့ အိမ်ထောင် တာဝန်တွေကို မျက်ကွယ်ပြုပြီး အလုပ်လုပ်ကိုင်ဖို့  တာဝန်မရှိစေရ” ဆိုတဲ့စာသားကို ဖြုတ်ပြီး “မိသားစုဝင်တွေ တဦးပေါ်တဦး စောင့်ရှောက်ထောက်ပံ့မှုမှာ” နိုင်ငံတော်က ပံ့ပိုးကူညီဖို့ အားထုတ်ရမယ်ဆိုတဲ့ စာသားကို ထပ်ဖြည့်မှာဖြစ်ပါတယ်။

အိုင်ယာလန်သမ္မတနိုင်ငံအဖြစ် ၁၉၄၉ ခုနှစ်ကမှ စတင်ထူထောင်နိုင်တာဖြစ်ပေမဲ့ အခြေခံဥပဒေကတော့ ၁၉၃၇ ကတည်းက ရှိခဲ့တာဖြစ်ပါတယ်။ 

တချိန်က ရှေးရိုးစွဲအများစု၊ ရိုမန်ကက်သလစ်ဘာသာဝင်အများစု နေထိုင်ရာ ဖြစ်ခဲ့တဲ့ အိုင်ယာလန်ဟာ နောက်ပိုင်းခေတ်မှာ ပိုကွဲပြားပြီး လူမှုရေးအရ လစ်ဘရယ်ဆန်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါတယ်။ 

အဲဒါကြောင့် အခြေခံဥပဒေပြင်ဆင်ချက်တွေ အများကြီး လုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၉၅ မှာ ကွာရှင်းပြတ်စဲမှုကို တရားဝင်ခွင့်ပြုခဲ့ပြီး ၂၀၁၅ မှာ လိင်တူလက်ထပ်ခွင့်ပြုခဲ့ကာ ၂၀၁၈ မှာ ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ထားတာကို ပယ်ဖျက်ပေးခဲ့ပါတယ်။

Source/Photo - REUTERS/Clodagh Kilcoyne

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013