
အိုင်ယာလန် ကစားသမားတွေက အစ္စရေးအသင်းနဲ့ ပွဲမစခင် လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ကြပြီး အစ္စရေး နိုင်ငံတော်သီချင်းကိုလည်း လျစ်လျူရှုခဲ့တဲ့ ပြုမူပုံကြောင့် အစ္စရေးအသင်းခေါင်းဆောင် တိုက်စစ်မှူး မာနော်ဆိုလိုမွန်က ပြိုင်ဘက်အပေါ် ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့ပါတယ်။
မိမိတို့အသင်းဟာ အိုင်ယာလန်ထက် ၁၀ ဆမက ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။ ဆိုလိုမွန်က အိုင်ယာလန်အသင်းဟာ မိမိတို့ကို မုန်းတီးနေသလို အစ္စရေးဘက်ကလည်း ပြန်မကြိုက်ကြောင်း ပြောပါတယ်။
နောက်တကြိမ် ကစားရမဲ့ပွဲမှာ လက်စားချေသွားမယ်လို့လည်း ကြိမ်းဝါးခဲ့တာပါ။ ပြိုင်ဘက်ရဲ့ မလေးမစားပြုမူမှုတွေကြောင့် အစ္စရေးအသင်းခေါင်းဆောင်နဲ့ ကစားသမားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။










