DVB Logo
Home
မြန်မာသတင်း
လူထုရဲ့တော်လှန်ခရီးကြမ်း ရဲဝံ့စွာလျှောက်လှမ်းမှုနဲ့အတူ ၃ နှစ်ပြည့် ရွာပေါင်းစုံလူထုသပိတ် (ဓာတ်ပုံ)
DVB
·
March 9, 2024
လူထုရဲ့တော်လှန်ခရီးကြမ်း ရဲဝံ့စွာလျှောက်လှမ်းမှုနဲ့အတူ ၃ နှစ်ပြည့် ရွာပေါင်းစုံလူထုသပိတ် (ဓာတ်ပုံ)
1 / 6
Donate to DVB

ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီဟာ နိုင်ငံရေးအရ အန်တုမှုဖြစ်တဲ့ လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့တာ ဒီနေ့ဆို ၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 

အခု ချီတက်တိုက်ပွဲဝင်နိုင်မှုဟာ ဒေသတွင်း တော်လှန်ပြည်သူလူထုနဲ့ ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု အသီးသီးရဲ့ နိုင်ရာ အခန်းကဏ္ဍကနေ ပူးပေါင်းဝန်းရံမှုကြောင့်သာ ဖြစ်တယ်လို့ ကျေးရွာပေါင်းစုံ လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

“တော်လှန်ခရီးကြမ်း (၃) နှစ်တာ ကာလအတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရသော အခက်အခဲ အကျပ်အတည်းများကို လူထုရဲ့ ဝန်းရံမှုဖြင့် မဖောက်မပြန် အံတုရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း လူထုနဲ့အတူ ရပ်တည်ပြီး မဖောက်မပြန် ဆက်လက်နင်းလျှောက်တိုက်ပွဲဝင်နေအုံးမည်ဟုလည်း လေးနက်စွာ ကတိပြုအပ်ပါသည်။ လူထုအကျပ်အတည်း၊ လူထုအခက်အခဲကို အားလုံးအခက်အခဲ အကျပ်အတည်းသာ ဖြစ်ကြောင်း ခံယူကာ နိုင်ရာဝန်ထမ်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီးတိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် မရောက်မချင်း ချီတက်တိုက်ပွဲဝင်နေကြအုံးမည် ဖြစ်ပါသည်။”

၃ နှစ်တာကလာအတွင်း ကာယအား၊ ဉာဏအား နဲ့ ဓနအင်အား စတဲ့ နိုင်ရာအခန်းကဏ္ဍကနေ ဝန်းရံကူညီပေးကြတဲ့ တော်လှန်အင်အားစု အသီးသီးနဲ့ ပုဂ္ဂိုလ် တဦးတယောက်ချင်းစီတိုင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ အားလုံးရဲ့ ကူညီဝန်းရံပေးမှုတို့ကို ဘယ် အကြောင်းတရားကြောင့်မှ အချည်းနှီးမဖြစ်စေဘဲ တော်လှန်ရေးနှင့်လူထုအတွက်သာ အစဥ်တစိုက် ဆက်လက်အသုံးပြုဆောင်ရွက်သွားမယ်လို့လည်း ကျေးရွာပေါင်းစုံ လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် ဒေသအနှံ့ စစ်ရေးအရှိန်မြှင့်လာပြီး EROs ထိန်းချုပ်ဧရိယာများ တိုးလာသလို အခြားတော်လှန်​ရေး အင်အားစုများရဲ့ စိုးမိုးနယ်မြေများလည်း များလာကာ စစ်အုပ်စုရဲ့ နယ်မြေကျဥ်းသထက်ကျဥ်းမြောင်းလာနေပြီဖြစ်ကြောင်း၊ ဒါဟာ စစ်ရေးအရ အားရကျေနပ်ဖွယ်ဖြစ်ပြီး အလုံးစုံလွတ်မြောက်ရေးအတွက် စုစည်းညီညွတ်မှုဟာ ဒေသအနှံ့မှာ လိုအပ်နေဆဲလည်း ဖြစ်ကြောင်း၊ ဒီစုစည်းညီညွတ်မှုအတွက် အခြေခံအကြောင်းတရားမှာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ အခြေအနေတရပ် လိုအပ်နေသေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် နိုင်ငံရေးအရ ပိုမိုအားကောင်းလာနိုင်ဖို့ လူထုတိုက်ပွဲတွေ အရှိန်မြှင့်နိုင်ဖို့ကိုလည်း အစဥ်တစိုက်အားလုံး ကြိုးပမ်းနေသလို ရန်သူရဲ့ ဆိုးညစ်တဲ့ စစ်ရေးအရ ဗိုလ်ကျ အနိုင်ကျင့်လာနိုင်သော စစ်ရေးမုန်တိုင်းနဲ့ နိုင်ငံရေးအရ လိမ်ညာလှည့်ဖျား ကောက်ကျစ်စင်းလဲ သော နိုင်ငံရေးမုန်းတိုင်းတို့ကိုလည်း အားလုံးစုစည်းညီညွတ်စွာ အန်တုနိုင်ဖို့လည်း ဆက်လက်ကြိုးပမ်းကြရမယ်လို့ ကျေးရွာပေါင်းစုံ လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

၃ နှစ်ပြည့်အဖြစ် "လူထုမရှိရင် တော်လှန်ရေးမရှိ" "လူထုမပါက တော်လှန်ရေး မအောင်" စတဲံ စာသားတွေအပါအဝင် တော်လှန်ရေးရဲ့ အခန်းကဏ္ဍအသီးသီးမှာ အားနည်းနေသော အကြောင်းတရားတွေကို အပြုသဘော ထောက်ပြတဲ့ စာသားတွေ ကိုင်စွဲပြီး တော်လှန်ရေး ပိုမိုအားကောင်းကာ အောင်ပွဲကို အမြန်ဆုံး ရောက်နိုင်ရေးအတွက် မျှော်ရည်ကာ လူထုလှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြပါတယ်။

တော်လှန်ရေးအလွန် လူထုအောင်ပွဲ မြန်မြန်ရောက်ဖို့အတွက် စစ်ရေးနည်း၊ နိုင်ငံရေးနည်းတို့နဲ့ မမှိတ်မသုန် ဆက်လက်ချီတက် တိုက်ပွဲဝင်ကြရဖြစ်ကြောင်း၊ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ စစ်အာဏာရှင်စနစ်ကြောင့်ပဲ အထွေထွေ အကျပ်အတည်း ပိုဖြစ်လာကြောင်း၊ ပိုမိုခက်ခဲလာတဲ့ အခက်အခဲတွေကို ရင်ဆိုင်အန်တုရင်း တော်လှန်ရေးအပေါ် နိုင်ရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ကျေးရွာပေါင်းစုံ လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013