DVB Logo
Home
မြန်မာသတင်း
ဆွမ်ဘရာဘွမ်မြို့က စစ်စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်၊ စခန်းမှူးနှင့်ရဲများ အလင်းဝင်
DVB
·
March 9, 2024
ဆွမ်ဘရာဘွမ်မြို့က စစ်စခန်းကို KIA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်၊ စခန်းမှူးနှင့်ရဲများ အလင်းဝင်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက ဆွမ်ဘရာမြို့နယ်၊ မလိယာန်စစ်ကောင်စီတပ်စခန်းကို မတ် ၉ ရက် ဒီနေ့မနက်ပိုင်းမှာ KIA၊ KPF နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

မလိယာန်စစ်ကောင်စီတပ်စခန်းကို မတ် ၈ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ ရှေ့တန်းရောက် အရာရှိ တယောက်က ပြောပါတယ်။

“ဒီစခန်းက ဆွမ်ဘရာဘွမ်မြို့အတွက် အဓိကကျတဲ့နေရာဖြစ်ပါတယ်။ ဒီမနက်တော့ အကုန် ရှင်းလင်းရေး လုပ်ပြီးပြီ။ ဆက်ပြီးတော့ ဆွမ်ဘရာဘွမ်မြို့ကို ထိုးစစ်လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဆွမ်ဘရာဘွမ်မြို့ကို ထိုးစစ်စတင်တဲ့နေ့ ဒီနေ့မနက်ပိုင်းမှာ ဆွမ်ဘရာဘွမ်ရဲစခန်းမှူးအပါအဝင် ရဲ ၁၃ ယောက်လည်း အလင်းဝင်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ကချင်ပြည်နယ်မှာ မတ် ၇ ရက်ကစလို့ ကေအိုင်အေနဲ့ တပ်ပေါင်းစုတွေက ထိုးစစ်စတင်ခဲ့ပြီး စစ်ကောင်စီရဲ့တပ်စခန်း‌ပေါင်း ၁၀ ခုကျော်ကို လက်ရှိချိန်မှာ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မတ်လအတွင်းမှာ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ရဲ့ လမ်းဖွင့်ပွဲခရီးစဉ်ရှိတယ်လို့ သိရပြီး ပူတာအိုခရိုင်က စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာတွေကလည်း လူကြီးခရီးစဉ်အတွက် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ကေအိုင်အေ ပူးပေါင်းတပ်တွေရဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း မတ် ၈ ရက် မနေ့ နေ့လယ်ပိုင်းက ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အကြီးဆုံး ပြည်သူ့စစ်စခန်းကို   ကချင်တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013