DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းညီနောင်  ခမရ  ၃၅၅ ကို  KNLA  တပ်များသိမ်းပိုက်ပြီး လက်နက်များ သိမ်းဆည်းရရှိ
DVB
·
March 9, 2024
သင်္ဃန်းညီနောင်  ခမရ  ၃၅၅ ကို  KNLA  တပ်များသိမ်းပိုက်ပြီး လက်နက်များ သိမ်းဆည်းရရှိ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ  ၃၅၅ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက မတ် ၈ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်း ရရှိခဲ့ပါတယ်။

ကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး  မြဝတီခရိုင်တခုလုံးမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မတ် ၇ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး မြဝတီ-ကော့ကရိတ်(အာရှ)လမ်းမကြီးအနီးက စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းနဲ့ ၃၅၆ တပ်ရင်းတွေကို (KNLA)၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

သင်္ဃန်းညီနောင်မြို့သစ် အောက်ချိုင့်ရပ်ကွက်မှာ မတ် ၈ ရက် ည ၁၀ နာရီလောက်က  အိမ်ခြေ ၁၀ လုံး ကျော် မီးလောင်သွားပြီး ဘယ်ကနေစတင် မီးလောင်သလဲဆိုတာတော့ မသိရသေးပါဘူး။ 

စစ်ကောင်စီလေတပ်ကလည်း မြဝတီမြို့အနီး ပြည်သူနေထိုင်ရာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေလို့  အရပ်သားတွေ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၈ ရက် မွန်းလွဲ ၁၂ နာရီလောက်က  မြဝတီမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်အပိုင်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာကို  စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားလို့  ဘိုးဘွား ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013