DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းတွင် တရားမဝင်အလုပ်ဝင်လုပ်နေသော နိုင်ငံခြားသားများ ဆက်တိုက်ဖမ်းဆီးခံရ 
DVB
·
March 8, 2024
ထိုင်းတောင်ပိုင်းတွင် တရားမဝင်အလုပ်ဝင်လုပ်နေသော နိုင်ငံခြားသားများ ဆက်တိုက်ဖမ်းဆီးခံရ 
Donate to DVB

DVB 

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ပြီးခဲတဲ့အပတ်က ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးက ထိုင်းဆ ရာဝန်မတဦးကို ခြေထောက်နဲ့ကန်တဲ့အပြင် တရားမဝင် ဆင်စခန်းဖွင့်လှစ်တဲ့အလုပ်ပါ လုပ်နေ တာကို စစ်ဆေးတွေ့ရှိတဲ့နောက်ပိုင်း နိုင်ငံခြားသားတွေအပေါ် ပိုမိုစစ်ဆေးတင်း‌ကျပ်လာပါတယ်။ 

အဲဒီလိုစစ်ဆေးရာမှာ အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ်မရှိဘဲ တက္ကစီကားမောင်းနေသူတွေ၊ ဧည့်လမ်းညွှန်လုပ်နေသူတွေနဲ့  ဆိုင်ကယ်နဲ့ကား အငှားဝန်ဆောင်မှုတွေ လုပ်နေတဲ့ နိုင်ငံခြားသား တွေကို ဖမ်းဆီးခံနေရပါတယ်။။ 

ဆိုင်ဘာရဲတပ်ဖွဲ့ဝင်တွေဟာ ရုရှားဘာသာနဲ့ ရေးသားဖော်ပြထားတဲ့ ထိုင်းနိုင်ငံက ဧည့်လမ်းညွှန်နဲ့ ကားအကြိုအပို့၊ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ရောက်ဖတ်ရှုပြီး နိုင်ငံခြားသားတွေ ပါဝင်ပတ်သက်မှုရှိကြောင်း သံသယဖြစ်တာကြောင့် မတ် ၇ ရက်က  ခရီးသွား ယောင်ဆောင်ပြီး ဖူးကစ်လေဆိပ်ကို လိုက်ပို့ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။ 

တခဏအကြာ ချိန်းဆိုထားတဲ့ ထလန်မြို့ မဲခေါင်ရပ်ကွက် ကွန်ဒိုတိုက်ခန်းတခုရှေ့ကို အဖြူ ရောင်တိုယိုတာယာလီကား ၁ စီးက ဆိုက်ရောက်လာပါတယ်။ ယာဉ်မောင်းမှာ နိုင်ငံခြားသူ တဦးဖြစ်ပြီး ဖူးကက်လေဆိပ်ကို ပို့ပေးမယ်လို့ ပြောပါတယ်၊။ 

အရပ်ဝတ်ရဲက သူမကို စစ်ဆေးရာမှာ သူမဟာ အသက် ၅၁ နှစ်ရွယ်ရှိ  MRs   YEKATERINA ကာဇက်စတန်သူ တဦးဖြစ်ပြီး  အလုပ်လုပ်ခွင့်မှတ်ပုံတင်မရှိတဲ့အတွက် ထာ့ချတ်ချိုင်းရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။ 

အဆိုပါဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဖူးကက်ခရိုင် ထလန်မြို့ထဲမှာ မော်တော်ကားနဲ့ ဆိုင်ကယ် အငှားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတခုက ရုရှားနိုင်ငံသား ၃ ဦးလည်း အဖမ်းခံရပါတယ်။ ခရိုင်အမှတ် ၈ လဝက ရဲတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ အဆိုပါလုပ်ငန်းကို သွားစစ်ရာမှာ ဝန်ဆောင်မှုပေးသူတွေရော ကား နဲ့ ဆိုင်ကယ် လာငှားသူတွေပါ နိုင်ငံခြားသားတွေဖြစ်နေပြီး အလုပ်လုပ်ပိုင်ခွင့် အထောက်အထားတစုံတရာမရှိတာကြောင့် အဖမ်းခံလိုက်ရပါတယ်။ 

အားလားတူ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့ထဲမှာလည်း မတ် ၇ ရက်က  အငှားတက်စ်စီ ကားမောင်းနှင်နေတဲ့  Miss Unni ဆိုသူ အသက် ၅၆ နှစ်ရွယ် နော်ဝေနိုင်ငံသူ အမျိုးသမီးတဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ နိုင်ငံခြားသားတွေကို လုပ်ခွင့်မပြုတဲ့ တက္ကစီ မောင်းနှင်နေကြောင်း သတင်းပေးချက်အရ ကော်ဖငန်း ဆိပ်ခံတံတားနားမှာ စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ 

အဆိုပါဖူးကက်ခရိုင်ထဲမှာပဲ မတ် ၅ ရက်နေ့က ခွင့်ပြုချက်မရဘဲ ဧည့်လမ်းညွှန်လုပ်နေတဲ့  အသက် ၂၈ နှစ်ရွယ် Mr ION ဆိုသူ ရိုမေးရီးယားနိုင်ငံသား ၁ ဦးနဲ့ မတ် ၇ ရက် ညနေ ၄ နာရီက ဧည့်လမ်းညွှန်လုပ်နေတဲ့  အသက် ၃၄ နှစ်ရွယ် Mr Ryan Ashely Horner ဆိုသူ ဗြိတိန်နိုင်ငံသား ၁ ဦးတို့ အဖမ်းခံခဲ့ရပါတယ်။ 

မတ် ၆ ရက် ညနေ ၅ နာရီလောက်မှာတော့ ဖူးကက်မြို့ ကရွန်ရပ်ကွက် ထိုက်နားလမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ စားကောင်းသောက်ဖွယ်တွေကို ရည်ညွှန်းမိတ်ဆက်ပေးနေတဲ့ အသက် ၅၇ နှစ်ရွယ်ရှိ Mr Stem ဆိုသူ ဆွီဒင်နိုင်ငံသား ၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

အဲဒီတနေ့တည်းမှာပဲ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ်ထဲမှာ တရားမဝင် မူကြိုကလေးထိန်းကျောင်းဖွင့်မှုနဲ့ နိုင်ငံခြားသူ ၄ ဦးနဲ့ မြန်မာအလုပ်သမာ ၄ ဦးတို့ ဖမ်းဆီး ခံခဲ့ရပါတယ်။ 

တက္ကစီမောင်းတာ၊  အငှားဆိုင်ကယ်မောင်းတာ၊ ခရီးသည်တင်ကားမောင်းတာ၊ ဧည့်လမ်း ညွှန်လုပ်တာ၊ စားသောက်ဆိုင်ပိုင်ရှင်  အစရှိတဲ့လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံသားတွေအတွက် ချန်လှပ်ထားပေးရမယ့်အလုပ်တွေလို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013