DVB Logo
Home
မြန်မာသတင်း
စစ်တပ်က တပတ်အတွင်း ပြည်သူ ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
DVB
·
March 7, 2024
စစ်တပ်က တပတ်အတွင်း ပြည်သူ ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
Donate to DVB

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၇ ရက်အထိ သီတင်းတပတ်အတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်း ပြည်သူ ၁၁ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ ၃ ယောက် အပါအဝင် စုစုပေါင်း ၁၄ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အသက် ၆၀ နဲ့ ၆၀ နှစ်အထက် သေဆုံးသူ ၇ ယောက် ပါဝင်နေပြီး စစ်ကိုင်းတိုင်းမှာ ၁၀ ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာကနေ ထွက်ခွာလာတဲ့ အင်အား ၅၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက မုံရွာမြို့နယ်၊ ကံပြားကျေးရွာနဲ့ တဲကြီးကုန်းကျေးရွာကို ဝင်ရောက် စီးနင်းပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ကံပြားကျေးရွာက ထွက်မပြေးနိုင်တဲ့ ဒေသခံအမျိုးသမီး ဒေါ်တင်ရွှေကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်အုပ်စု အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၆၅၀ ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၀၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၁၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၁၂၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013