DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများတွင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ
DVB
·
March 7, 2024
ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများတွင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့၊ ဖဒိုမြို့နဲ့ တောကျွဲအင်းမြို့ထဲက ရွာတွေကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားကာ အခုအချိန်ထိ အင်တာနက်လိုင်း ပြန်မရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တံခါးမြို့နယ်ထဲမှာ ရွာပေါင်း ၁၀၀ ကျော်ရှိပြီး ပဲနွယ်ကုန်းမြို့မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာကြောင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

ပဲနွယ်ကုန်းမြို့နေ ဒေသခံတဦးက “အရင်ကတော့ မနက် ၆ နာရီကနေ ၉ နာရီထိ တခါပေးတယ်။ ပြီးရင် ဖြတ်သွားပြီး နေ့လယ် ၁၁ နာရီကျမှ တခါပြန်ပေးတယ်။ အခုတော့ လုံးဝမရတော့တာ တလလောက်ရှိနေပြီ။ အခု လိုင်းသုံးချင်ရင် ကော်ဖီဆိုင်မှာ သွားသုံးနေရတယ်။ အနည်းဆုံး ပိုက်ဆံ ၂,၀၀၀ လောက်ရှိမှ လိုင်းသုံးရတဲ့ဘဝ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မြို့ပေါ်တွေမှာ ဝိုင်ဖိုင်နဲ့သုံးကြပြီး ကျောက်တံခါးမြို့နယ်တွင်းက ရွာ‌တွေအားလုံးနီးပါး အင်တာနက်လိုင်း မရတာကြောင့် ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်နေသူ‌‌တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်ကုန်တာကြောင့် ငွေကြေးအခက်အခဲတွေပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကျောက်တံခါးမြို့နေ ဒေသခံတဦးက “ဖုန်းလိုင်းတွေတော့ ရတယ်။ အင်တာနက်မရတော့ ဒုက္ခရောက်ကြတာ ရွာဘက်ကလူတွေပါ။ ရွာဘက်ကျတော့ ဝင်ငွေစီးဆင်းမှုက ထိုင်းနဲ့ မလေးပဲ ရှိတာ။ အင်တာနက်မရတော့ အဆက်အသွယ်တွေ အကုန်ပြတ်ပြီး ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ အဲ့လို အဆက်အသွယ်မရတာ ကြာလာရင် ငွေတိုးပေးစားတဲ့သူတွေပဲ ကြီးပွားသွားမှာ” လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့မှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲတွေကြောင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ဖြူးမြို့နဲ့ ‌ဇေယျဝတီမြို့ တွေမှာပါ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013