DVB Logo
Home
နိုင်ငံတကာ
IAEA အကြီးအကဲနှင့် ရုရှားသမ္မတ ပူတင် ဆွေးနွေး
DVB
·
March 7, 2024
IAEA အကြီးအကဲနှင့် ရုရှားသမ္မတ ပူတင် ဆွေးနွေး
Donate to DVB

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကြီးအကဲ ရာဖယ် ဂရောက်ဇီက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတ်လ ၆ ရက်မှာ ရုပ်သံကနေတဆင့် တွေ့ဆုံခဲ့ပါတယ်။

ဇာပိုရစ်ချ်ဇီယာ နျူးကလီးယားစက်ရုံ ဘေးကင်းရေးအတွက် ရုရှားအရာရှိတွေနဲ့ တင်းတင်းမာမာ ဆွေးနွေးခဲ့အပြီး ခုလိုတွေ့ဆုံခဲ့တာပါ။

“ရုရှားဟာ နယ်ပယ်အများအပြားမှာ IAEA နဲ့ အင်မတန် တက်တက်ကြွကြွ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်၊ ကျနော်တို့က ဒီနယ်ပယ်မှာ ကမ္ဘာပေါ်မှာ ခေါင်းဆောင်တွေထဲက တနိုင်ငံပါ” လို့ ပူတင်က ဂရောက်ဇီကို ပြောခဲ့ပါတယ်။

“ဒီအချိန်ဟာ အင်မတန် အရေးကြီးတဲ့အချိန်တွေ ဖြစ်ပြီး စိန်ခေါ်မှုတွေများတဲ့ အချိန်လည်း ဖြစ်လို့ အထိအခိုက်မခံတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးနေပါတယ်” လို့ ဂရောက်ဇီက ပူတင်ကို ပြောခဲ့ပါတယ်။

Source/Photo-Sputnik via Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013