DVB Logo
Home
မြန်မာသတင်း
လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ကေအိုင်အေ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်
DVB
·
March 7, 2024
လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ကေအိုင်အေ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်
Donate to DVB

ကေအိုင်အေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာအနီးဝန်းကျင်ရှိ စစ်စီကောင်တပ်စခန်း ၉ နေရာထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပူးပေါင်းအဖွဲ့တွေက မတ်လ ၇ ရက် မနက် ၄ နာရီလောက်ကစပြီး တပြိုင်တည်းထိုးစစ်ဆင် တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတွေနဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ လိုင်ဇာအနီးတဝိုက်ရှိ ရှဒန်ပါစခန်း၊ အင်းတပ်ဘွမ်စခန်း၊ အင်လုံခစခန်း၊ ရွှေညောင်ပင် ခလရ ၃၂၁၊ ခယာဘွမ်၊ ဘွမ်ရေဘွမ်၊ ဖွန်းပျန်ဘွမ်၊ နွမ်းလန့် ၄၃၈ တပ်စခန်း၊ မလိ တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေသခံ စစ်ရှောင်ပြည်သူတဦးက “ဒီမနက် ၄ နာရီလောက်စတာ။  ဘာမှန်းတောင် မသိတော့ဘူး။ ခြေဦးတည့်ရာ ဖရိုဖရဲ တကွဲတပြား ဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “စစ်ကောင်စီစခန်းက ၁၂ နေရာတောင် မကဘူးထင်တယ်။ နေရာအနှံ့ ဖြစ်နေတယ် အခု။ ၁၀ တန်းတွေ စာမေးပွဲအပြီးတောင် မစောင့်နိုင်ဘူး၊ သူတို့တိုက်နေကြပြီ” လို့ ပြောပါတယ်။

မိုးမောက်မြို့နယ်ဘက် ဒေါ့ဖုန်း၊ ဒိန်ဂါ၊ ခလားဘက်လည်း အခြေအနေမကောင်းဘူးလို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လက်ရှိအချိန်ထိ ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့က ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲက မဂျီဂုံ ဗျူဟာနဲ့ တပ်စခန်းကုန်းတွေ အပါအဝင် မံဝိန်းကြီးဒေသရှိ ရဲစခန်း၊ စစ်တပ်စခန်းကုန်းနဲ့ နယ်စပ်စုပေါင်းဂိတ်၊ ကိုက်ထိပ် တပ်စခန်းကုန်း၊ ပလောင်ဒိန်ဆာ တပ်စခန်းကုန်း၊ စီခမ်းကြီးစခန်းတွေကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင်  မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် တာမခန်ရွာနဲ့ ကသိုဏ်းတောင်ဘက်မှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013