DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားစီရင်ရေးလမ်းကြောင်းမှ အရေးယူရန်  NUG ဝန်ကြီး တိုက်တွန်း  
DVB
·
March 7, 2024
စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားစီရင်ရေးလမ်းကြောင်းမှ အရေးယူရန်  NUG ဝန်ကြီး တိုက်တွန်း  
Donate to DVB

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူ၊ တာဝန်ခံမှုရှိစေဖို့  လူ့အခွင့်အရေး လမ်းကြောင်းတင်မဟုတ်ဘဲ တရားစီရင်မှုလမ်းကြောင်းတွေကိုပါ သုံးနိုင်စေဖို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

မတ် ၄ ရက်က  ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးချိန် တိုက်တွန်းခဲ့တာပါ။

စစ်အုပ်စုကို လက်နက်နဲ့ ငွေကြေးဖြတ်တောက်တာတွေ လုပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်သွယ်တဲ့  နိုင်ငံတကာချဉ်းကပ်မှု ပုံစံအသစ် လိုအပ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၁ ရက်က လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့တာကို ကျေးဇူးတင်ပြီး ထောက်ခံတယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်အားလုံးနဲ့ အနာဂတ် တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမယ့် အခြေအနေကို ဖန်တီးရာရောက်ကြောင်း၊ ဒါ့အပြင် စစ်တပ်အတွင်း လူသားဒိုင်း အပါအဝင် အဓမ္မလုပ်အားစေခိုင်းတာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို  တရားဝင်ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ကြောင်း၊  ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် အခုထက် ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုတွေ တွန်းပို့ရာရောက်ကြောင်း အလေးထား တင်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို စစ်သားသစ်အဖြစ် စုဆောင်းဖို့ ကြိုးစားနေတာဟာ အရင် လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးပြီး နိုင်ငံရေး လွတ်လမ်းအဖြစ် လုပ်ဆောင်နေကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  ပြောကြားချက်နဲ့ အပြန်အလှန် ဆွေးနွေးမှုတွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုန်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013