DVB Logo
Home
မြန်မာသတင်း
ဆိုက်ခေါင်ရွာတွင် PNA တပ်က အရပ်သားများကို အဓမ္မ ကင်းစောင့်ခိုင်း
DVB
·
March 6, 2024
ဆိုက်ခေါင်ရွာတွင် PNA တပ်က အရပ်သားများကို အဓမ္မ ကင်းစောင့်ခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာမှာ ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) တပ်က ရပ်ကွက်အလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးကော်မတီဝင်တွေကို ညပိုင်း ကင်းစောင့်ခိုင်းထားတယ်လို့ ရွာခံတွေ ပြောပြချက်အရ သိရပါတယ်။

ဆိုက်ခေါင်စံပြကျေးရွာထဲက စံပြဈေးကိုလည်း ပိတ်ခိုင်းထားပြီး ကျေးရွာတွင်းမှာလည်း ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

ဆိုက်ခေါင်ကျေးရွာနေ ပြည်သူတဦးက “ကျမတို့အဖေလည်း ကင်းစောင့်ရတယ်၊ သေနတ်လည်းပေးထားတယ်၊ မသင်္ကာတာတွေ့ရင် ချက်ချင်း သတင်းပို့ခိုင်း၊ စစ်မေးခိုင်းတယ်၊၊ PNA က ကင်းစောင့်တဲ့ ယောက်ျားလေးတွေကို သေနတ် တယောက်တလက် ပေးထားတယ်” လို့ ပြောပါတယ်။

ကျေးရွာအဝင်အထွက် လမ်းမှန်သမျှမှာ ဂိတ်ဖွင့်ထားပြီး ဂိတ်တခုအတွက် အရပ်သား ၁၀ ယောက်ကျော်ကို ခေါ်ယူပြီး ကင်းစောင့်ခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။

ရပ်ကွက်ကျေးရွာတွေထဲမှာ PNA စစ်သားတွေက အရပ်သားနေအိမ်တွေထဲမှာလည်း ဝင်ရောက်နေထိုင်တာတွေရှိပြီး ကျေးရွာတွင်းမှာရှိတဲ့ လူငယ်စာရင်းကို ကောက်ယူကာ စစ်ထဲဝင်ဖို့ အတင်းအဓမ္မ အမိန့်ပေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

“လူငယ်တွေကို စစ်ထဲဝင်ခိုင်းတယ်၊ သက်ကြီးပိုင်းတွေကျတော့ ကင်းစောင့်ခိုင်းတယ်၊ ပြည်သူ့စစ်လုပ်ခိုင်းတယ်၊ ကျန်းမာရေးကောင်းတဲ့လူ သွားနိုင်လာနိုင်တဲ့လူ မှန်သမျှ အကုန်ခေါ်တယ်” လို့ ဆိုက်ခေါင်ရွာသားတဦးက ပြောပါတယ်။

ဇောတိကာရာမ ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း စစ်ကောင်စီတပ်သား ၃၀၀ ကျော် ဝင်ရောက်တပ်စွဲထားပြီး လူအင်အား၊ လက်နက်အင်အားတွေကိုလည်း နေ့စဉ်လိုလို ဖြည့်တင်းနေတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013