DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးဝန်ထမ်း ထွက်ပြေးသဖြင့် ဖခင်ဖြစ်သူကို MNDAA က အဓမ္မကင်းစောင့်ခိုင်း
DVB
·
April 27, 2026
Photo: DVB
Photo: DVB
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ MNDAA ကိုးကန့်တပ်က ခန့်ထားတဲ့ လခစား လုံခြုံရေးဝန်ထမ်းတယောက် ထွက်ပြေးသွားလို့ ဖခင်ဖြစ်သူကို အဓမ္မ ကင်းစောင့်ခိုင်းနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီမှာ တလကို လုပ်အားခ တရုတ်ယွမ်ငွေ ၇၀၀ နဲ့ အလုပ်ထွက်ချင်တဲ့အချိန် ထွက်လို့ရတယ်ဆိုပြီး စာချုပ်မချုပ်ဘဲ ငှားရမ်းထားတဲ့ အရပ်ဘက် လုံခြုံရေးဝန်ထမ်းတွေ ရှိပါတယ်။

ကဂျာ ဆိုတဲ့ ဝန်ထမ်းတယောက်ဟာ အလုပ်ထွက်ခွင့်တောင်းတာကို ထွက်ခွင့်မပေးလို့ ဧပြီ တတိယပတ်အတွင်းမှာ တိမ်းရှောင်သွားခဲ့တာကြောင့် MNDAA ကိုးကန့်တပ်က သားဖြစ်သူ ကဂျာရဲ့ ကိုယ်စား အဖေဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးမြင့်ဆွေကို အဓမ္မ ညကင်းစောင့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အခုချိန် ဒီမှာက အလုပ်တော်တော်ရှားတယ်။ အဲချိန်မှာ ကိုးကန့်က တလ ယွမ် ၇၀၀ နဲ့ လုံခြုံရေးအလုပ်ခေါ်တော့ အလုပ်ဝင်လုပ်တဲ့သူတွေ ရှိတယ်။ အလုပ်စခေါ်တုန်းကတော့ စာချုပ်စာတမ်းနဲ့ မဟုတ်ဘူး။ ထွက်ချင်တဲ့အချိန် အချိန်မရွေး ထွက်လို့ရတယ်ဆိုပြီး ခေါ်တာ။ အခု ကဂျာက ခွင့်တောင်းပြီး ထွက်တာကို ထွက်မရလို့ ထွက်ပြေးသွားတာ။ အဲဒါကို သူ့အဖေကိုခေါ်ပြီး ကိုးကန့်က ကင်းစောင့်ခိုင်းတယ်။ အခု ကဂျာရဲ့ အဖေနဲ့ အမေက တော်တော်ကြောက်နေကြတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAA ကိုးကန့်တပ်၊ AA အာရက္ခတပ်တော်၊ TNLA တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာပါ။

လက်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်သုံးဖွဲ့က ပူးတွဲအုပ်ချုပ်နေပြီး နည်းပရိယာယ်နဲ့ တပ်သားသစ် စုဆောင်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဒီမှာ သုံးဖွဲ့ရှိနေတာဆိုတော့ အတင်းကြီး လူသစ်ကောက်တာ မတွေ့ရသေးဘူး။ TNLA နဲ့ AA က သူတို့လူမျိုးကလွဲရင် သိပ်မခေါ်ဘူး။ MNDAA က လူမျိုးပေါင်းစုံကို လစာပေးမယ်၊ လုံခြုံရေးအလုပ် လုပ်ရမယ်ဆိုပြီး ခေါ်တယ်။ တလ ယွမ် ၇၀၀ ရမယ်ဆိုတော့ သူတို့သဘောနဲ့ သူတို့ဝင်တာ တချို့ရှိတယ်။ ထွက်ချင်နေကြတာ ထွက်မရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ငွေကြေးကိစ္စကြောင့် အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်စုမြတ်ကို ဖမ်းဆီးမိဖို့အတွက် အသက် ၁၈ နှစ် မပြည့်သေးတဲ့ သမီးဖြစ်သူကို ဓားစာခံအဖြစ် MNDAA က ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013