DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် ကင်းစောင့်ရန် ပျက်ကွက်မှုဖြင့် အရပ်သား ၄ ဦး ဖမ်းဆီးခံရ
DVB
·
June 23, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က ကျေးရွာတချို့မှာ ကင်းစောင့်ဖို့ ပျက်ကွက်တဲ့ အရပ်သား ၄ ယောက်ကို စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်အောင်မြို့နယ်ထဲက ကုန်းတလုန်း၊ ဂွေးကုန်း၊ ရှောက်ကုန်း၊ ဆပ်ပြာကျင်း စတဲ့ ကျေးရွာတွေဘက်မှာ ကင်းစောင့်ဖို့ ပျက်ကွက်တာကြောင့်ဆိုကာ အရပ်သား ၄ ယောက်ကို စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေ ပေါင်းပြီး ဇွန် ၂၁ ရက်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ကျေးရွာဒေသခံ အရပ်သားတယောက်က “မိသားစု အခက်အခဲတွေနဲ့ ကျန်းမာရေး အခြေအနေကြောင့် ကင်းစောင့်ဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို ဖမ်းခေါ်သွားတာ။ အကျိုးအကြောင်းပြခွင့်မရဘူး။ သတ်မှတ်ထားတဲ့ တာဝန်ကို မလိုက်နာတာဆိုပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။ 

အဖမ်းခံရတဲ့ အရပ်သား ၄ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုအောင်သန်း၊ အသက် ၄၀ အရွယ် ကိုမင်းမင်း နဲ့ အသက် ၂၀ ကျော်အရွယ် နောက်လူငယ် ၂ ယောက်တို့ ဖြစ်ကြပါတယ်။

မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖမ်းတာ မှန်ပါတယ်။ အုပ်ကြီးက သတင်းပေး အကြောင်းကြား ဖမ်းခိုင်းတာ။ ရဲတွေက ဖမ်းသွားတာလည်း ဟုတ်တယ်။ အဖမ်းခံရသူတွေကို ဘယ်ဖမ်းခေါ်သွားတယ် ဆိုတာ မသိရသေးဘူး။ ရဲစခန်းဘက်မှာတော့ မရှိဘူး” လို့ ပြောပါတယ်။

အဖမ်းခံရသူတွေနဲ့ မိသားစုတွေ အဆက်အသွယ် ပြတ်နေတာကြောင့် စစ်မှုထမ်း လူအစားထိုးအဖြစ် ရောင်းစားလိုက်မှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

မြန်အောင်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ ကင်းတဲဆောက်ကာ တအိမ် အရပ်သား ၂ ယောက်နှုန်းနဲ့ ကင်းစောင့်ခိုင်းနေတာဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ အမျိုးသား မရှိတဲ့ အိမ်တွေကိုပါမကျန် အမျိုးသမီးတွေပါ ကင်းစောင့်ပေးနေရတယ်လို့ သိရပါတယ်။

အခုလို ကင်းတဲတွေနဲ့ ကင်းစောင့်ပေးရတာတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွေမှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက စတင်စီစဉ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအိမ်နဲ့ ပတ်ဝန်းကျင်မှာပါ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ အရပ်သားတွေက ကင်းစောင့်ပေးရတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013